Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် လေးရွာဆုံပျူရွာအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပေါင်း၍ ကျေးရွာများမီးရှို့ဖျက်ဆီးခဲ့သည့် လေးရွာဆုံရွာရှိ ပျူစောထီးစခန်းများအား PDFက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

လေးရွာဆုံ ပျူရွာအား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရန်ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-File

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပေါင်း၍ ကျေးရွာများမီးရှို့ဖျက်ဆီးခဲ့သည့် လေးရွာဆုံရွာရှိ ပျူစောထီးစခန်းများအား PDFက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၈ရက် နံနက်ပိုင်းက မြင်းခြံမြို့နယ်၊ လေးရွာဆုံရွာရှိ ပျူစောထီးစခန်းများအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး သူံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း Anyar Federal Task Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“၆လုံး ချခဲ့တယ်ဗျ။ ကောင်တာကတော့ ၆၀ မမ နဲ့ ၄ချက် ပြန်လည်ပစ်ခက်ခဲ့ပေမဲ့ ထိခိုက်မှုတော့မရှိခဲ့ပါဘူး။”ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လေးရွာဆုံပျူစောထီးရွာသည် စစ်ကောင်စီတ​ပ်နှင့်ပေါင်းပြီး စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီး​ခြင်း၊ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း၊ ဇူလိုင် ၁၀ရက်ကလည်း စစ်ကောင်စီတပ်နှင့်အတူ လက်ဝဲမြင်းနီရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ ရွာလုံးကျွတ်ပြာကျပြီး သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ(၆)ဦးထက်မနည်း သေဆုံးခဲ့သည်။

စစ်ဆင်ရေးကို Anyar Federal Task Force၊ Freedom Fighter Guerrilla Force (FFGF) နှင့် 8 Stars စသည့်အဖွဲ့များက Shar Htoo Waw နည်းပညာ Fixed Wings ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရန်လိုတိုက်ခိုက်လာတဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေကို အောင်အောင်မြင်မြင် ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ကူဝိတ်စစ်တပ်က ကြေညာခဲ့ပါတယ်။