Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး အလင်းဝင်လာ

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ဇော် မင်းနိုင်သည် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ မိုင်းနောင်အခြေစိုက် ခလရ(၉)တပ်ရင်းက ဖြစ်သည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားနှင့် လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင်များကို တွေ့ရစဥ်။ဓာတ်ပုံ - KDF

ရဲခေါင်/People’s Spring

ကရက်နီပြည်နယ်၊ လွိုင်ကော်မြို့သို့ ထိုးစစ် ဆင်နေသည့် စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး အလင်းဝင်လာကြောင်း သတင်းရရှိသည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ဇော် မင်းနိုင်သည် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ မိုင်းနောင်အခြေစိုက် ခလရ(၉)တပ်ရင်းက ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၅ ရက်တွင် လွိုင်ကော်မြို့အတွင်း စစ်ကောင်စီတပ်ထံမှ ထွက်ပြေးလွတ်မြောက် လာခဲ့ပြီး လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ထံသို့ ပူးပေါင်းလာခြင်းဟု အသိပေးသည်။

လွိုင်ကော်မြို့နယ် စစ်ကောင်စီတပ်နှင့် အင်အားဖြည့် စစ်ကြောင်းထိုးရင်းကျည် ၊ ခဲယမ်းနှင့် လက်ပစ်ဗုံး များယူဆောင်လာခဲ့ပြီး ထွက်ပြေး လွတ်မြောက်လာကြောင်း တပ်သားဇော်မင်းနိုင်က ဆိုသည်။

“စစ်ကောင်စီတပ်မှာ ကျနော်လို ထွက်လာချင်တဲ့သူတွေရှိနေတယ်။မြေပြင်သတင်းတွေကို အမှောင်ချထားသလို တပ်တွင်းကျန်ရှိခဲ့တဲ့ မိသားစုနဲ့ အကြပ်ကိုင်ထားတာတွေရှိတယ်”ဟု ၎င်းက ပြောသည်။

အလင်းဝင်လာသည့် တပ်သားကို လုံခြုံသော နေရာသို့ ပို့ဆောင်ထားပြီး ထပ်မံဝင်ရောက်ရပူးပေါင်း လာမည် တပ်သား၊အရာရှိများအားလည်း ကြိုဆိုကြောင်းနှင့် လုံခြုံသော နေရာများ ဖန်တီးပေးသွားမည်ဟုလည်း လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် အသိပေးသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကရင်နီ(ကယား)ပြည်နယ်၌ CDM ပြုလုပ်ထားသည့် ရဲ တပ်ဖွဲ့ဝင် ၃၀၀ကျော်ရှိပြီး စစ်ကောင်စီ တပ်သား ၁၅၀ခန့်ရှိကြောင်း ကရင်နီပြည်သူ့ရင်ခွင်၏ အချက်အလက်များအရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။