Connect with us

Hi, what are you looking for?

သတင်း

တောင်သာ၊ ရေစကြိုနှင့် ပခုက္ကူမြို့နယ်တို့တွင် အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်နှင့် မကွေးတိုင်း၊ ရေစကြိုနှင့် ပခုက္ကူမြို့နယ်များတွင် အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း သတင်းရရှိသည်။

လက်နက်အပ်နေသည့် အလင်းဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဆုကြေးငွေများချီးမြှင့်နေစဥ်။

ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်နှင့် မကွေးတိုင်း၊ ရေစကြိုနှင့် ပခုက္ကူမြို့နယ်များတွင် အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၉ရက်က ပခုက္ကူမြို့နယ်၊ စက်မှုဇုန်စစ်ဆေးဂိတ်တွင် တာဝန်ကျနေသော အသက်(၂၄)နှစ်အရွယ် ပျူစောထီးအဖွဲ့ဝင် ကိုရဲနီဆိုသူသည် MA3 တစ်လက် ၊ ကျည်ဘောက်တစ်ခု၊ကျည် (၂၀)နှင့် အတူ အလင်းဝင်ရောက်လာကြောင်း Southern YSO PDF အဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းကို ကျပ်သိန်း ၃၀ဂုဏ်ပြုချီးမြှင့်ကာ လွတ်မြောက်ဒေသသို့ ပို့ဆောင်ထားကြောင်း Southern YSO PDFအဖွဲ့က အသိပေးသည်။

အလားတူ ဇူလိုင် ၂၀ရက်ကလည်း စစ်ကောင်စီအရာရှိတစ်ဦး MA3 သေနတ် တစ်လက်ဖြင့် အလင်းဝင်ခဲ့ကြောင်း Southern YSO PDFအဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင်လည်း ဇူလိုင် ၂၈ရက်က စစ်ကောင်စီ တပ်သား တစ်ဦးသည် G-3 သေနတ် တစ်လက်၊ ကျည်ဘောက်နှစ်ဘောက်၊ ကျည်(၈၅)တောင့်ဖြင့် အလင်းဝင်လာ၍ ကျပ် သိန်း (၅၀)ချီးမြှင့်ခဲ့ကြောင်း တောင်သာပကဖ တာဝန်ရှိသူက ပြောသည်။

“သူက စစ်ကြောင်းထွက်လာတဲ့အချိန် ကျွန်တော်တို့ကိုဆက်သွယ်ပြီး ဝင်ရောက်လာတာ။”ဟု တောင်သာပကဖတာဝန်ရှိသူက ပြောသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင်လည်း ယမန်နေ့(ဇူလိုင်၃၀ရက်)က ရတဖ (၁၉) မှ ရဲတပ်ကြပ် အောင်မြတ်သူဆိုသူသည် M-16 (၁) လက်နှင့် 5.56 ကျည် (၂၀၀) ယူဆောင်လာပြီး အလင်းဝင်လာ၍ ဆုကြေးငွေ ကျပ်သိန်း ၃၀ချီးမြှင့်ကာ လွတ်မြောက်နယ်​မြေကို ပို့ဆောင်ပေးခဲ့ကြောင်း Royal Eagle PDF အဖွဲ့က ထုတ်ပြန်သည်။

ကျန်ရှိနေသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ပြည်သူ့ထံအမြန်ဆုံးအလင်းဝင်ကြရန် PDFအဖွဲ့များက သတိပေးထားသည်။

ဓါတ်ပုံ-Southern YSO PDF၊ တောင်သာပကဖ၊ Royal Eagle PDF

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။