Connect with us

Hi, what are you looking for?

သတင်း

မြန်မာဝမ်ပေါင်ကုမ္ပဏီလုံခြုံရေး ရဲသုံးဦး အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မြန်မာဝမ်ပေါင်ကုမ္ပဏီ၌ လုံခြုံရေးတာဝန်ကျနေသော ရဲတပ်သားသုံးဦး သေနတ်တစ်လက်နှင့် ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း ယင်းမာပင်ခရိုင်အမှတ် (၁၆)တပ်ရင်းက သတင်းထုတ်ပြန်သည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းမှ အလင်းဝင်လာသော ရဲသုံးဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-ယင်းမာပင်ခရိုင်အမှတ် (၁၆)တပ်ရင်း

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မြန်မာဝမ်ပေါင်ကုမ္ပဏီ၌ လုံခြုံရေးတာဝန်ကျနေသော ရဲတပ်သားသုံးဦး သေနတ်တစ်လက်နှင့် ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း ယင်းမာပင်ခရိုင်အမှတ် (၁၆)တပ်ရင်းက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇူလိုင်၃၁ ရက်) နံနက် ၁နာရီဝန်းကျင်က ဆားလင်းကြီးမြို့နယ်၊ မြန်မာဝမ်ပေါင်ကုမ္ပဏီ၌ တာဝန်ကျနေသော ရဲတပ်သား သုံးဦးဖြစ်သည့် ဝင်းမင်းသူ၊စိမ်းမောင်မောင်နှင့် မင်းခန့်သူတို့သည် G3 တစ်လက် ၊ 7.62 ကျည်( ၁၀၀) တောင့်၊ကျည်ဘောက်နှစ်ဘောက် ၊လက်ကိုင်ဖုန်းသုံးလုံးနှင့်အတူ ယင်းမာပင်ခရိုင်အမှတ် (၁၆)တပ်ရင်း၊တပ်ခွဲ(၁) Brother Defense Forceတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့သည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ယင်းမာပင်ခရိုင်အမှတ် (၁၆)တပ်ရင်းထံ ဆက်သွယ်မေးမြန်းထားပြီး လက်တလောပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

မြန်မာဝမ်ပေါင်ကုမ္ပဏီဝင်းရှိ စစ်ကောင်စီတပ်သည် ဘေးဝန်းကျင်ရွာများသို့ လက်နက်ကြီးများပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ် ခြင်းများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

ပြည်သူလူထုနှင့်အတူ ရပ်တည်လာသော CDM သူရဲကောင်းများအား ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် ယင်းမာပင်ခရိုင်အမှတ် (၁၆)တပ်ရင်းက မေတ္တာရပ်ခံထားသည်။

အလားတူ မန္တလေးတိုင်းတောင်သာမြို့နယ်၊ မကွေးတိုင်း ရေစကြိုနှင့် ပခုက္ကူမြို့နယ်တို့တွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး လက်နက်များဖြင့် အလင်းဝင်ရောက်လာခဲ့သည်။

(မြန်မာဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းမှ အလင်းဝင်လာသော ရဲသုံးဦးအား တွေ့ရစဥ်။ ဓာတ်ပုံ-ယင်းမာပင်ခရိုင်အမှတ် (၁၆)တပ်ရင်း)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သား (၂)ဦး လက်နက်နဲ့ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဘားအံ(ဖားအံ)ခရိုင်က ထုတ်ပြန်ပါတယ်။