Connect with us

Hi, what are you looking for?

သတင်း

ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ တီယန်ဇွပ်တပ်စခန်းကို KIA တိုက်ခိုက်

ကချင်ပြည်နယ် မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ စစ်ကောင်စီ၏ တီယန်ဇွပ်တပ်စခန်းကို ယနေ့(ဩဂုတ် ၁ရက်)က စတင်တိုက်ခိုက်လျက်ရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ စစ်ကောင်စီ၏ တီယန်ဇွပ်တပ်စခန်းကို ယနေ့(ဩဂုတ် ၁ရက်)က စတင်တိုက်ခိုက်လျက်ရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဒီမနက်ကနေ ကျနော်တို့ တပ်မဟာ(၁)က ဝင်တိုက်တဲ့ဖြစ်စဉ်တွေရှိပါတယ်။ ဒါပေမဲ့ အခုထက်ထိကတော့ သိမ်းပိုက်နိုင်တဲ့ အနေအထားတော့ မကြားရသေးပါဘူး။ တိုက်ပွဲကတော့ ဆက်ဖြစ်နေတဲ့အနေအထားဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့ ညနေပိုင်းတွင် ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တီယန်ဇွပ်တပ်စခန်းသည် စစ်ကောင်စီ၏ ခလရ(၅၈)တပ်ရင်းမှ တပ်ဖွဲ့များ တပ်စွဲထားခြင်းဖြစ်သည်။

KIA စစ်ရေးသတင်းများ ဖော်ပြလေ့ရှိသည့် 7Stars News၏ ဖော်ပြချက်တွင် KIA တပ်မဟာ(၁)သည် ယနေ့နံနက်မှစ၍ မြစ်ကြီးနားမြို့နယ် တီယန်ဇွပ်တပ်စခန်းနှင့် အင်ဆွပ်ဇွပ် တပ်စခန်း နှစ်ခုထိုးစစ်ဆင်ခဲ့ရာ တီယန်ဇွပ်တပ် စခန်းကို သိမ်းပိုက်နိုင်ပြီဟု ယနေ့ညနေပိုင်း၌ ဖော်ပြထားသည်။

ထို့အပြင် မိုးမောက်မြို့တွင်လည်း တိုက်ပွဲများဆက်ဖြစ်နေပြီးစခန်းသိမ်းနိုင်သည့် အခြေအနေ မကြားရသေးဟု ပြောသည်။

မိုးမောက်မြို့တွင် နောက်ဆုံးကျန်နေသည့် ခမရ(၄၃၇)တပ်ရင်းကို KIA၊ KPDF၊ AA ပူးပေါင်းတပ်များက ဇူလိုင် ၂၄ရက်တွင်ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ ယနေ့အထိ တိုက်ပွဲဆက်ဖြစ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်နဲ့ ရှမ်းမြောက်က မိုးမိတ်-မဘိမ်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်တာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ ဩဂုတ် ၁၂ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။