Connect with us

Hi, what are you looking for?

သတင်း

မတ္တရာတွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်တိုက်ခိုက်၍ ပြည်သူ သုံးဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အောင်ချမ်းသာကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြည်သူ သုံးဦး အသက်သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့( ဩဂုတ်၁ရက်) သတင်းထုတ်ပြန်သည်။

လက်နက်ကြီးထိ၍ ထိခိုက်ပျက်စီးသွားမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - MDY PDF

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အောင်ချမ်းသာကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြည်သူ သုံးဦး အသက်သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့( ဩဂုတ်၁ရက်) သတင်းထုတ်ပြန်သည်။

နေ့လယ် ၁နာရီခန့်က စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မတ္တရာမြို့နယ် အောင်ချမ်းသာကျေးရွာရှိ အပြစ်မဲ့ ပြည်သူ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သုံးဦး အသက်သေဆုံးခဲ့ကြောင်း မန္တလေး PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

အောင်ချမ်းသာကျေးရွာသည် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများနှင့် အလှမ်းဝေးကွာသည့် ကျေးရွာတစ်ခုဖြစ်ပြီး ယခုတိုက်ခိုက်မှုသည် စစ်ကောင်စီအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများကို အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခြင်းဖြစ်ကြောင်း မန္တလေး PDFက အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီသည် စစ်ရှုံးလာသည်နှင့်အမျှ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားကာလက်နက်ကြီးပစ်ခတ်မှုများ ၊ လေကြောင်းတိုက်ခိုက်မှုများကို ပေါ်ပေါ်ထင်ထင်ပြုလုပ်၍ စစ်ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန်လျက်ရှိကြောင်း မန္တလေး PDFက ဆိုသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း(၇)ခု ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး စုစုပေါင်း တပ်စခန်း(၃၅)ခု သိမ်းပိုက်ရရှိထားကြောင်း မန္တလေး PDFကယမန်နေ့ (ဇူလိုင်၃၁)တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook