Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ယနေ့ (သြဂုတ် ၁) အသီးသီး ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ယနေ့ (သြဂုတ် ၁) အသီးသီး ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်ဒေသတွင်း ကျေးရွာတစ်ရွာမှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း၊ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းတို့က စစ်အာဏာရှင်ရေး ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက တော်လှန်ပြည်သူတွေနဲ့ ပူးပေါင်းကာ ၁၀၂၇စစ်ဆင်ရေးအပိုင်း(၂) အပေါ် ကြိုဆိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဝက်လက်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှာလည်း ကျောင်းသားများသမဂ္ဂက ဦးဆောင်ကာ ကျေးရွာ ကာကွယ်ရေး ၊ အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လူထုဟောပြောပွဲ ၊ အထိုင်သပိတ် နဲ့ တော်လှန်ရုပ်ရှင်ပြခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။

ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာလည်း သပိတ်အဖွဲ့ဝင်များမှ စစ်ကောင်စီတပ်နဲ့ ပတ်သက်ဆက်နွယ်မှုရှိတဲ့အရာမှန်သမျှကို ပြည်သူအပေါင်းမှ ဘူးသပိတ်ဆင်နွဲရန် တိုက်တွန်းနှိုးဆော်တဲ့အနေနဲ့ “စစ်တပ်ထုတ်ကုန် မဝယ်နဲ့” စာတန်းပါ ဗီနိုင်းအား ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ စကြဝတြေးမင်းကြီးသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။