Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့သိမ်းတိုက်ပွဲ မန္တလေး PDF ပါဝင်တိုက်ခိုက်

မိုးမိတ်သည် မန္တလေးPDF၏ လေးမြို့မြောက် သိမ်းယူနိုင်ခဲ့သောမြို့ဖြစ်

မိုးမိတ်မြို့အဝင်၌ မန္တလေးPDF ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-MDY PDF

ဇေအောင်/People’s Spring

မိုးမိတ်မြို့သိမ်းတိုက်ပွဲအတွင် မန္တလေး PDF ပါဝင်တိုက်ခိုက်ခဲ့ပြီး စတုတ္ထမြောက်သိမ်းယူနိုင်ခဲ့သောမြို့ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(သြဂုတ်၂ရက်) တွင် အသိပေးထုတ်ပြန်သည်။

မိုးမိတ်မြို့အား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ဦးဆောင် သော ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များသည် ၂၀၂၄ ဇူလိုင် ၃၁ရက်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း မန္တလေး PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

မိုးမိတ်စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ဒရုန်းတပ်ဖွဲ့သည် မဟာမိတ်များနှင့် ဟန်ချက်ညီညီ ပူးပေါင်း၍ စစ်ဆင်ရေးများကို ဖော်ဆောင်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မိုးမိတ်မြို့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ဆင်နွှဲလျှက်ရှိသော စစ်ဆင်ရေးများအနက် စတုတ္ထမြောက် သိမ်းယူနိုင်ခဲ့သော မြို့ဖြစ်ကြောင်း မန္တလေး PDFက ထုတ်ပြန်သည်။

မိုးမိတ်မြို့အဝင်၌ မန္တလေးPDF ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-MDY PDF

မန္တလေး PDFသည် ၁၀၂၇ အပိုင်း(၂)နှင့် ရှမ်းမန်းစစ်ဆင်ရေးတွင် စဥ့်ကူး၊ မိုးကုတ်၊ နောင်ချိုမြို့များကို TNLAနှင့်ပူးပေါင်း၍ သိမ်းပိုက်ထားပြီးဖြစ်သည်။

မိုးမိတ်မြို့နယ်ရှိ တပ်စခန်းများကို TNLA ပူးပေါင်းတပ်မှ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) အဖြစ် ဇွန်လ ၂၇ရက်က စတင်တိုက်ခိုက်ခဲ့ပြီး၊ သီတင်းပတ် (၄)ပတ်အကြာ ဇူလိုင် ၃၁ရက်တွင် စစ်ကောင်စီတပ်စခန်းများအားလုံးကို ရှင်းလင်းသိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မိုးမိတ်မြို့နယ်က သစ်ဆိမ့်ကုန်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အနည်းဆုံး နေအိမ် ၅လုံးခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်၊မိုးမိတ်မြို့ကို စစ်တပ်က စစ်ကားအစီး၂၀ကျော်နဲ့ အင်အားဖြည့်တင်းပြီးနောက်ရှမ်းပြည်နယ်အစပ်က မြို့နယ်တွေကို စစ်ကြောင်းထိုးလာနိုင်တယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ် တွေက သုံးသပ်ပါတယ်။

သတင်း

စစ်ကောင်စီတပ် ၂၁ဦးသေ၊ သုံ့ပန်းတွေဖမ်းမိ၊ တော်လှန်ရေးရဲဘော်တွေလည်း ကျဆုံးထိခိုက်ရှိ

သတင်း

မိုးမိတ်မြို့ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ကားဝယ်စီးဖို့ ဒေသခံတွေဆီ ငွေတောင်းပြီး ဝယ်ခိုင်းနေလို့ အိမ်ထောင်စုအလိုက် ငွေစုပေးနေရတယ်လို့ မြို့ခံအချို့က ပြောပါတယ်။