Connect with us

Hi, what are you looking for?

သတင်း

လောက်ကိုင်နှင့် သိန္နီတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၁၄ဦး သေဆုံး၊ ၂၃ဦး ဒဏ်ရာရ

စစ်ကောင်စီက စစ်ရေးအရ ရှုံးနိမ့်နေခြင်းကြောင့် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် လောက်ကိုင်နှင့် သိန္နီမြို့တို့ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ တစ်လတာအတွင်း အရပ်သား ၁၄ဦးသေဆုံးကာ ၂၃ ဦးဒဏ်ရာရခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။

လောက်ကိုင်​ဆေးရုံ နှင့် အနီးတဝိုက် စစ်တပ်၏ ဗုံးကြဲခံရပြီး​နောက် သြဂုတ် ၂ ရက် မနက်ပိုင်းတွင်အပျက်အစီးများကိုရှင်းလင်း​နေ​ကြစဥ်။ ဓာတ်ပုံ - CJ

အပြစ်မဲ့ပြည်သူများကို ဗုံကြဲသတ်ဖြတ်ခြင်းအ​ပေါ် ပြင်းထန်စွာရှုတ်ချ​ကြောင်း​ဖော်ပြ
MNDAAအ​​နေဖြင့် နေအိမ်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများအား ပစ်မှတ်ထားသည့် စစ်ဆင်ရေးကို လုံး၀ဖော်ဆောင်မည်မဟုတ်ဟုအသိ​ပေး

ဟန်နွေ/People’s Spring

စစ်ကောင်စီက စစ်ရေးအရ ရှုံးနိမ့်နေခြင်းကြောင့် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် လောက်ကိုင်နှင့် သိန္နီမြို့တို့ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ တစ်လတာအတွင်း အရပ်သား ၁၄ဦးသေဆုံးကာ ၂၃ ဦးဒဏ်ရာရခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဩဂုတ် ၁ရက် ညပိုင်းနှင့် ယနေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီက MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့နှင့် တုန်းရှန်းဒေသနေရာများကို လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်မှု ၊ နေအိမ်ပျက်စီးမှုများ ရှခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၁ရက် ည ၁၁နာရီခွဲတွင် စစ်ကောင်စီသည် စစ်မြေပြင်မဟုတ်သည့် လောက်ကိုင်မြို့ တုန်ချိန်ကို ဗုံးသီး ၄လုံး ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးသီး ၄လုံးအနက် ၂လုံးသည် ပြည်သူ့ဆေးရုံနှင့် ဘေးရှိ အဆောက်အဦးများသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် ၂လုံးမှာ ဖူလီလိုက်ဟိုတယ်အနီး အရပ်သားနေအိမ်များသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြသည်။

ဩဂုတ် ၂ရက် နံနက်အစော ၁နာရီခွဲတွင်လည်း စစ်ကောင်စီသည် ကိုးကန့်ခရိုင် တုန်းရှမ်းမြို့နယ် ထိုက်ဖျင်တိုက်နယ် ရှီးယွမ်ရွာသို့ ဗုံးသီး ၁၇လုံးဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား နေအိမ်များစွာပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

ယခုတစ်ကြိမ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အထူးဒေသ(၁) အမှတ်(၂) ပြည်သူ့ဆေးရုံ လုံခြုံရေးဝန်ထမ်းတစ်ဦး ပွဲချင်းပြီးသေဆုံးကာ ဆေးရုံတက်လူနာ ၂ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟုထုတ်ပြန်သည်။ အသေးစား ဒဏ်ရာရရှိသူများ စွာရှိခဲ့ကြောင်း ဖော်ပြသည်။ ထို့ပြင် အရပ်သားနေအိမ်များ၊ ဟိုတယ်နှင့် မော်တော်ယာဉ်များ ပျက်စီးဆုံးရှုံးခဲ့ဟု အသိပေးသည်။

တိုက်ပွဲရှုံးနိမ့်တိုင်း အပြစ်မဲ့ ပြည်သူများကိုဦးတည်ပြီးဗုံးကြဲတိုက်ခိုက်သည်မှာ စစ်ကောင်စီ အာဏာသိမ်းပြီး ၃နှစ်ကျော်အတွင်း လုပ်လေ့လုပ်ထရှိသည့်လုပ်ရပ်ဖြစ်ကြောင်း ဖော်ပြသည်။

ဇူလိုင်လဆန်းမှစ၍ ရှမ်းမြောက် လားရှိုးနှင့် နောင်ချိုမြို့နယ်တိုက်ပွဲများ၌ အထိနာပြီး တိုက်ပွဲများတောက်လျှောက်ရှုံးနိမ့်ခဲ့ရခြင်းကြောင့် စစ်ကောင်စီသည် လောက်ကိုင်မြို့နှင့် သိန္နီခရိုင်းအတွင်း အရပ်သား နေထိုင်ရာ ဒေသများကို လေယာဉ်များဖြင့်ထပ်ခါတလဲလဲ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

စာသင်ကျောင်း၊ဆေးရုံ၊စျေးနှင့် ဟိုတယ်စသည့် လူစုလူဝေးများသည့်နေရာများကို ဦးတည်ဗုံးကြဲတိုက်ခိုက်ခဲ့၍ တစ်လအတွင်း ဒေသခံ အရပ်သား အနည်းဆုံး ၁၄ဦး သေဆုံးကာ ၂၃ဦးဒဏ်ရာရခဲ့ကြောင်း၊ နေအိမ်အဆောက်အဦးပျက်စီးမှုများလည်းရှိခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီအနေဖြင့် စာသင်ကျောင်း၊ ဆေးရုံများ ၊ အရပ်သားနေအိမ်များကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေခြင်းသည် စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးကိုပြင်းပြင်းထန်ထန် ချိုးဖောက်နေခြင်းဖြစ်ကြောင်းဖြစ်သည်ဟုလည်း ဖော်ပြထားပြီး မင်းအောင်လှိုင် ကို ဗဟိုပြုသည့် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ အပြစ်မဲ့ပြည်သူများကို ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်နေသော အပြုအမူကို ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်နေသော အာဏာသိမ်းစစ်ကောင်စီကို ပြင်းထန်စွာအရေးယူပေးရန် တိုက်တွန်းထားသည်။

MNDAA အနေဖြင့်လည်း နေအိမ်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများအား ပစ်မှတ်ထားသည့် စစ်ဆင်ရေးကို လုံး၀ဖော်ဆောင်မည်မဟုတ်ကြောင်း အသိပေးသည်။

လားရှိုးမြို့အတွင်းရှိ လူနေအိမ်များ၊ ဆေးရုံများ ၊ဘုရားကျောင်းများနှင့်စာသင်ကျေငာ်းများကို စစ်ကောင်စီက တိုက်ခိုက်ဖျက်ဆီးနေခြင်းဖြစ်ကြောင်းထုတ်ပြန် ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။