Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် စက်သုံးဆီဈေးတတ်သော်လည်း တန်းစီနေရ

ဩဂုတ် ၃ရက်တွင် စက်သုံးဆီအရောင်းဆိုင် များ၌ ၉၂ တစ်လီတာ ၂,၇၇၀ ကျပ် ၊ ၉၅ တစ်လီတာ ၂,၈၉၅ ကျပ် ၊ ဒီဇယ်တစ်လီတာ ၂,၄၅၀ ကျပ်နှင့် ပရီမီယံ ဒီဇယ်တစ်လီတာ ၂,၉၂၀ကျပ် နှုန်းရောင်းချလျက်ရှိသည်။

ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်ရှေ့တွင် တန်းစီနေသော ယာဉ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - PS

သတိုး/People’s Spring

ရန်ကုန်မြို့တွင် ယခင်ရက်များထက် စက်သုံးဆီဈေးနှုန်း ၁၀၀ကျော်မြင့်တတ်လာပြီး တန်းစီဝယ်ယူနေရဆဲဖြစ်ကြောင်း ယာဉ်ပိုင်ရှင်များက ပြောသည်။

ဩဂုတ် ၃ရက်တွင် စက်သုံးဆီအရောင်းဆိုင် များ၌ ၉၂ တစ်လီတာ ၂,၇၇၀ ကျပ် ၊ ၉၅ တစ်လီတာ ၂,၈၉၅ ကျပ် ၊ ဒီဇယ်တစ်လီတာ ၂,၄၅၀ ကျပ်နှင့် ပရီမီယံ ဒီဇယ်တစ်လီတာ ၂,၉၂၀ကျပ် နှုန်းရောင်းချလျက်ရှိသည်။

Public Service Announcement

Public Service Announcement

အဆိုပါနှုန်းထားသည် ယခင်ရက်နှင့်နှိုင်းယှဉ်ပါက ဆီအမျိုးအစားအလိုက် ကျပ် ၁၀၀ကျော် ဈေးတတ်လာခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဆီဈေးနှုန်းမြင့်တတ်လာသော်လည်း ဆီဝယ်ယူရန်အတွက် တန်းစီစောင့်ဆိုင်းနေရဆဲဖြစ်ပြီး အချို့ဆိုင်များတွင် သတ်မှတ်ချက် ဖြင့်သာရောင်းချနေ‌ကြောင်း ယာဉ်ပိုင်ရှင်များကပြောသည်။

“အရင်နေ့တွေလောက် မခက်တော့ဘူး။ တန်းစီချိန်လည်း သိပ်မပေးရတော့ဘူး။ ဈေးတတ်တာတစ်ခုပဲ”ဟု ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။

ဒေါ်လာဈေး ၊ ရွှေဈေးများ မြင့်တတ်လာမှုနှင့် အတူ ပြီးခဲ့သည့် ရက်ပိုင်းကစတင်၍ ရန်ကုန်နှင့် မန္တလေးမြို့အပါအဝင် မြို့‌တော်တော်များများတွင် စက်သုံးဆီဝယ်ယူရန် ခက်ခဲသည့် အခြေအနေကို ကြုံခဲ့ရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။