Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းမှာ ရှစ်လေးလုံးနေ့ အထိမ်းအမှတ် ချီတက်ဆန္ဒပြ

ရန်ကုန်၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းတို့မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ရှစ်လေးလုံး လူထုအရေးတော်ပုံ (၃၆) နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ယနေ့ (သြဂုတ် ၈)မှာ အသီးသီး ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

ရန်ကုန်၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းတို့မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ရှစ်လေးလုံး လူထုအရေးတော်ပုံ (၃၆) နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ယနေ့ (သြဂုတ် ၈)မှာ အသီးသီး ဆန္ဒပြခဲ့ပါတယ်။

ရန်ကုန်မြို့တွင် ဖက်ဒရယ်ကျောင်းသားသမဂ္ဂက ဦးဆောင်ကာ ရှစ်လေးလုံးအရေးတော်ပုံ (၃၆) နှစ်ပြည့်အထိမ်းအမှတ် ဓာတ်ပုံသပိတ်ကို ဆင်နွှဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာလည်း သပိတ်အင်အားစု၊ ပြည်သူ့ကာကွယ်ရေးရဲဘော်နဲ့ ပြည်သူတွေစုပေါင်းကာ ရှစ်လေးလုံးလူထုအရေးတော်ပုံအထိမ်းအမှတ်အဖြစ် လူထုသပိတ်တိုက်ပွဲ ချီတက်ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းနဲ့ ဒေသတွင်းသပိတ်အင်အားစုတွေ ပူးပေါင်းကာ “မပြီးပြတ်သေးတဲ့ ၈၈၈၈ လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” စာသားကိုင်စွဲကာ ၁၉၈၈ ကျောင်းသားပြည်သူလူထုရဲ့ စွန့်လွှတ်ပေးဆပ်မှုတွေကို ဂုဏ်ပြုသောအားဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း ပြည်သူတွေက ရှစ်လေးလုံးနှစ်ပတ်လည်နေ့အဖြစ် “တောင်တန်းမှသည် မြေပြန့်ဆီသို့ စည်းလုံးခြင်းဖြင့်အတူရုန်းကြစို့” စာသားကိုင်ဆောင်ပြီး “ရာဇပလ္လင် ဘယ်သူထိုင် ခွေးထိုင်၊ ရာဇပလ္လင်ဘယ်သူတက် ခွေးတက် ၊ သမ္မတရူး ရူးတဲ့ မင်းအောင်လှိုင် အလိုမရှိ” စတဲ့ ကြွေးကြော်သံတွေနဲ့ သပိတ်မှောက်ဆန္ဒပြခဲ့ပါတယ်။

အရာတော်မြို့နယ်မှာလည်း (၃၆)နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ကျောင်းသားများသမဂ္ဂ၊ အခြေခံပညာကျောင်းသားများသမဂ္ဂနဲ့ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့ ပူးပေါင်းပြီး “မပြီးဆုံးသေးတဲ့ ၈လေးလုံးလူထုလွတ်မြောက်ရေး ဒို့အတူရုန်း” တိုက်ပွဲခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ပုလဲမြို့နယ်မှာလည်း ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က “မပြီးဆုံးသေးတဲ့ ၈လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” စာသားနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

ပခုက္ကူမြို့နယ်မှာလည်း လူထုတိုက်ပွဲကော်မတီ PPRC နဲ့ ဗမာနိုင်ငံလုံးဆိုင်လူငယ်ကဗျာဆရာများသမဂ္ဂ ABYPUတို့ ဦးဆောင်ပြီး (၃၆)နှစ်ပြည့် ရှစ်လေးလုံး အထိမ်းအမှတ် အဖြစ် “မပြီးဆုံးတဲ့ ၈၈၈၈ လူထုလွတ်မြောက်ရေးအတူရုန်း” ၊ “အထွေထွေအာဏာဖီဆန်ရေး လူထုတိုက်ပွဲဆင်နွှဲကြလော့” စာတန်းတွေ ကိုင်စွဲကာ ဆန္ဒပြလှုပ်ရှားမှုနဲ့ ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

ရွှေဘိုမြို့နယ် ကျေးရွာတစ်ရွာမှာလည်း သပိတ်အင်အားစုနဲ့ တော်လှန်ပြည်သူလူထု ပူးပေါင်းကာ “၈၈က သွေးကြွေးဟောင်း ၂၁မှာ အပြီးတောင်း” စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း ချီတက်ခဲ့ပါတယ်။

လက်ပံတောင်းတောင်ဒေသမှာလည်း “မပြီးဆုံးသေးတဲ့ ရှစ်လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” ၊ “ဘူးသပိတ်ဆင်နွှဲ ဖက်ဆစ်ဖြိုလှဲ” ဘန်နာတို့ကို ကိုင်ဆောင်ပြီး ရှစ်လေးလုံး (၃၆ ) နှစ်ပြည့် လူထုလှုပ်ရှားမှုနဲ့ စစ်တပ်ထုတ်ကုန် မသုံးစွဲရေးဘူးသပိတ်ဆင်နွှဲရန် နှိုးဆော်ခဲ့ပါတယ်။

ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ် စစ်ကြောင်းနဲ့အတူ ပူးပေါင်းကာ ရှစ်လေးလုံးလူထုအရေးတော်ပုံ (၃၆)နှစ်မြောက်အထိမ်းအမှတ် လူထုသပိတ် ချီတက်ခဲ့ပါတယ်။

တန့်ဆည်မြို့နယ်မှာလည်း ကြားကာလပညာရေးကျောင်းမှ ဆရာဆရာမ၊ကျောင်းသူကျောင်းသားတွေ စုပေါင်းကာ အရေးတော်ပုံအတွင်း ကျဆုံးခဲ့သော သူရဲကောင်းအပေါင်း၊ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော အာဇာနည်အပေါင်း တို့ကို ဦးညွှတ်ဂါရဝပြုခဲ့ပြီး ရှစ်လေးလုံး အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ပါတယ်။

ချောင်းဦးမြို့နယ်မှာလည်း လူငယ်အင်အားစုသပိတ်ကော်မတီမှ ကျောင်းသားလူငယ်ထုနှင့်အတူ လက်ချင်းချိတ် ချီတက်ကာ အာဏာဖီဆန်ရေး “ဘူးသပိတ်” ဆင်နွှဲရေး “နာခံမှုကိုငြင်းဆန်ခြင်း” လူထုလှုပ်ရှားမှုစာစဉ် (၁)ကို လူထုထံ ဖြန့်ဝေခဲ့ပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်မှာလည်း (၃၆) နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပါတယ်။

ဧရာဝတီတိုင်း ၊ ကြံခင်းမြို့နယ်မှာလည်း သပိတ်အဖွဲ့ဝင်တွေက ရှစ်လေးလုံး(၃၆) နှစ်ပြည့်အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် “မပြီးဆုံးသေးတဲ့ ရှစ်လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” စာတန်း (ဗီနိုင်း)အားကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း DDMSC သပိတ်ကော်မတီက ဦးဆောင်ပြီး ရှစ်လေးလုံး လူထုအရေးတော်ပုံ ၃၆ နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

သမိုင်းအစဥ်အလာကြီးမားတဲ့ ရှစ်လေးလုံး လူထုလှုပ်ရှားမှုကို ဂုဏ်ပြုတဲ့အနေနဲ့ “၈၈၈၈ လူထုအရေးတော်ပုံကို ဦးညွတ်ကြ၊ စစ် အာဏာရှင် စနစ်ကို လူထုအာဏာနဲ့ ဆန့်ကျင်ဖြိုချကြ” ခေါင်းစဥ်နဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

သရက်ချောင်းမြို့နယ်မှာလည်း ဒီမိုကရေစီရေး လှုပ်ရှားမှုသပိတ်ကော်မတီမှ ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း သပိတ်မှောက်ခဲ့ပါတယ်။

(ဓာတ်ပုံ – DDMSC ၊ ရွှေဘိုလူထုသပိတ်၊ မုံရွာလူထုသပိတ် ၊ Khant Si Thu၊ ရန်ကုန်သပိတ်၊ ဗကသကျောင်းသားများအဖွဲ့ချုပ်)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေက ဒီကနေ့ (စက်တင်ဘာ ၁၃)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ်တွင် ယ​နေ့(စက်တင်ဘာ ၃)မှစ၍ သုံးရက်ဆက်မိုးကြီးနိုင်ပြီး လတ်တလောရာသီဥတုအခြေအနေအရ ရန်ကုန်တိုင်း၊ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ခြောက်ခု၌ ရေဘေးအန္တရာယ်ကြီးမားနေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန(MOHADM)က သတိပေးသည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၂)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (စက်တင်ဘာ ၉)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။