Connect with us

Hi, what are you looking for?

သတင်း

မူဆယ်တွင် စစ်ကောင်စီက လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်‌​နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က သြဂုတ် ၈ ရက်ည​နေပိုင်းတွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း မြို့ခံများကပြောသည်။

မူဆယ်မြို့တွင် လုံခြုံ​ရေးကင်း​စောင့်​နေ​သော စစ်သားတစ်ဦး (ပုံအ​​​ဟောင်းဖြစ်ပါသည်)။ဓါတ်ပုံ-SCMP

မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က သြဂုတ် ၈ ရက်ည​နေပိုင်းတွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း မြို့ခံများကပြောသည်။

“စစ်တပ် တပ်စွဲထားတဲ့ စက်မှုဘက်နဲ့ တောင်ပေါ်ဘက်ကနေ ပစ်ခတ်သံများကြားနေရတာ။ ဒီနေ့မှ သိရတာက စစ်တပ်က ရမ်းပစ်နေတာတဲ့။ မြို့ကတော့ လက်ရှိ ပုံမှန်အတိုင်းရှိနေပါတယ်” ဟု မြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

မူဆယ်မြို့ပေါ်နှင့် လေးမိုင်ခန့်သာဝေးသည့် စက်မှုရပ်ကွက်နှင့်တောင်ပေါ်တွင် ဇူလိုင်လ ၃၀ရက် နံနက် ကလည်း ပစ်ခတ်သံများထွက်ပေါ်ခဲ့သည်။ စစ်ကောင်စီတပ်စွဲထားသည့်နေရာပတ်ဝန်းကျင်၌ မိုင်းအများအပြားလည်းထောင်ထားသည်ဟု သတင်းရရှိသည်။

မူဆယ်မြို့တွင် တပ်မ(၉၉)လက်အောက်ခံတပ်ရင်းများနှင့် အမှတ်(၁၇)စစ်ဆင်ရေးက့ပ်ကဲမှုဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို့ရှိသည်။စစ်ကောင်စီတပ်က ပြည်သူ့စစ်တပ်ဖွဲများ၏အ

ကူအညီဖြင့် ခုခံစစ်ပြင်ဆင်ထားကြောင်းလည်း သတင်းရရှိသည်။

မူဆယ်မြို့တွင် လက်ရှိ၌ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင် ရှိနေပြီး ခုခံစစ်အတွက် ၎င်းက ဦးဆောင်ပြီးပြင်ဆင်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။ ၎င်းသည် မူလက မူဆယ်အခြေစိုက် တပ်မ ၉၉ တပ်မမှူးဖြစ်ပြီး လားရှိုးမြို့ ရှိ အ​​ရှေ့​မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) မကျမီ တိုက်ပွဲပြင်းထန်နေသည့် ဇူလိုင်လ တတိယပါတ် တွင်

တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်ကို ရာထူးမှ ထုတ်ပယ်ပြီး ဗိုလ်ချုပ် စိုးလှိုင်ကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။

တိုင်းမှူးဟောင်းဗိုလ်ချုပ်စိုးတင့်သည် ရာထူးမှထုတ်ပယ်ခံလိုက်ရသော်လည်း ရမခတွင်ပင်ရှိနေစဉ် MNDAAက အရှင်ဖမ်းမိထားသည်။ ဗိုလ်ချုပ်စိုးလှိုင်သည် မူဆယ်၌ပင် ဆက်လက်ရှိနေခြင်းဖြစ်သည်။

MNDAA ဦး​ဆောင်​သော ​တော်လှန်​ရေးတပ်များက ရမခ. ကို သိမ်းယူပြီးနောက် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် မူဆယ်ကို ထပ်မံသိမ်းယူမည်ဟု သတင်းများထွက်ပေါ်နေသည်။မူဆယ်မြို့ခံများ အန္တရာယ်ကင်းရေးနှင့် မြို့မထိခိုက်စေရေးအတွက် စစ်ကောင်စီတပ်လက်နက်ချအလင်းဝင်ရန် တိုင်းမှူးဗိုလ်ချုပ်စိုးလှိုင်အား မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဆက်သွယ်ကမ်းလှမ်းထား​ကြောင်းသတင်းရရှိသည်။ ထိုသို့ကမ်းလှမ်းသတိ​ပေးခံထားရပြီး​နောက် လက်နက်ကြီးများဖြင့် မ်းပစ်​နေခြင်းဖြစ်သည်။

မူဆယ်မြို့သည် တရုတ်နိုင်ငံနှင့်အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ပြီး မူဆယ်ရှိ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကိုလည်း ၁၀၂၇စစ်ဆင်ရေးပထမပိုင်းတွင် အာရက္ခတပ်တော်(AA) နှင့် တ​အာင်းတပ်မ​တော်(TNLA)တို့ က တိုက်ခိုက်သိမ်းယူခဲ့ပြီး လက်ရှိတွင် AAက ထိန်းချုပ်ထားသည်။ မူဆယ်မြို့အနီး နမ့်ခမ်းမြို့နယ်ကိုလည်း TNLAက ထိန်းချုပ်ထားသည်။ မူဆယ်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာနှင့် တရုတ်နယ်စပ်မြို့များအနက် တော်လှန်ရေးအင်အားစုများကသိမ်းပိုက်ရန် ကျန်ရှိနေသော တစ်ခုတည်းသော မြို့ဖြစ်သည်။

ထိုအပြင် ရှမ်းပြည်နယ်​မြောက်ပိုင်းတစ်ခုလုံးတွင်မူဆယ် ၊သီ​ပေါ ၊နမ့်လန် မြို့တို့တွင်သာ စစ်​ကောင်စီတပ်ကျန်ရှိ​တော့သည်။

“ထပ်သိမ်းဖို့က မူဆယ်၊ သီပေါ၊ နမ့်လန်ပဲကျန်တော့တယ်။ မူဆယ်ကတော့ တရုတ်နဲ့နယ်စပ်မို့ သေချာလေး ကိုင်တွယ်နေပုံရတယ်။ သိမ်းတာကသိမ်းမှာပဲ” ဟု ရှမ်း​မြောက်မှစစ်​ရေးရင်းမြစ်တဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်စခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က ယနေ့နံနက်အစောပိုင်းတွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်−ထားဝယ်ခရိုင်၊ တနင်္သာရီ မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက် လာပြီး ကျေးရွာအတွင်း ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်၍ ပြည်သူလေးဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

လူနေအိမ်အချို့ပျက်စီးဟု နောင်ချိုဒေသခံပြော