Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦးမြို့ပေါ်ကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သားခြောက်ဦး သေဆုံး

ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်ကို စစ်ကောင်စီက ယနေ့(ဩဂုတ် ၁၀ရက်) နေ့လယ်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားခြောက်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့သည်။

မြောက်ဦးမြို့အား AAက သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - AA

ဇော်ရမ်း/People’s Spring

ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်ကို စစ်ကောင်စီက ယနေ့(ဩဂုတ် ၁၀ရက်) နေ့လယ်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားခြောက်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့သည်။

မြောက်ဦးမြို့၊ မြောက်ဦးဟိုတယ်လမ်းဆုံနှင့် ဦးဥတ္တမပန်းခြံကို ယနေ့ နေ့လယ် ၁၂နာရီခွဲခန့်တွင် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက် ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” ရုတ်တရက်ပစ်ချသွားတာဗျ။ သတိထားချိန်မရလိုက်ဘူး။ လူတွေစည်းကားနေတဲ့အချိန်ပစ်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အမျိုးသားခြောက်ဦးသေဆုံးပြီး အမျိုးသမီးအချို့အပါအဝင် ခုနစ်ဦး ဒဏ်ရာရရှိသည်ဟု သတင်းရရှိသည်။

မြောက်ဦးမြို့သည် အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့်မြို့ဖြစ်သည်။

AAထိန်းချုပ်ထားသည့်မြို့များကို စစ်ကောင်စီက နေကြောင်းမှ တိုက်ခိုက်နေ၍ အရပ်သားပြည်သူများ လေကြောင်းအန္တရာယ်သတိပြုနေထိုင်ကြရန် AAက သတိပေးထားသည်။

ဩဂုတ် ၆ရက်ကလည်း စစ်ကောင်စီသည် မြောက်ဦးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို