Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် စစ်တပ်လက်နက်ကြီးပစ်ခတ်၍ နေအိမ်အများအပြား မီးလောင်

မန္တလေးတိုင်း၊ မြင်းခြံမြို့အမှတ်(၁၅)ခြေမြန် တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့၍ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

လက်နက်ကြီးကျပြီး ပျက်စီးသွားသောနေအိမ်နှင့် သေဆုံးသွားသော နွားများအား တွေ့ရစဥ်။ ဓာတ်ပုံ - ရွှေညာမြေ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့အမှတ်(၁၅)ခြေမြန် တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့၍ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်​နေ့(သြဂုတ်၉ရက်) နေ့လယ်ပိုင်းက မြင်းခြံ အမှတ်(၁၅)တပ်မှ လက်နက်ကြီး​ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့၍ ညောင်ပင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲရာ ​​နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် (၄၀)အရွယ် မအေးမာဆိုသူမှာ ဒဏ်ရာရရှိသွား၍ မန္တလေးမြို့သို့ပို့ဆောင် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ခိုင်းနွားတစ်ကောင်သေဆုံးကာ တစ်ကောင်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ထို့အပြင် ည ၁၀နာရီခန့်ကလည်း စစ်တပ်က လက်ဝဲနှင့် မြင်းနီကျေးရွာကို လက်နက်ကြီး နှစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“တစ်လုံးက နေအိမ်တစ်အိမ်ရဲ့အုတ်တံတိုင်းကိုမှန်ပြီး ပြိုကျတယ်။ နောက်တစ်လုံးက အိမ်တစ်အိမ်က နွားစာတဲပေါ်ကျတော့ မီးလောင်ပြီးတော့ အကုန်ကူးသွားပြီး အိမ် ၂၀၊ ၂၅လောက် တော့ ပါသွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ မြင်းခြံမြို့ပေါ်ရှိ စစ်ကောင်စီတပ် စခန်းနေရာများအား ယနေ့ နံနက်၄နာရီခန့်မှစတင်၍ PDFများက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး ထိခိုက်မှုမသိရသေးကြောင်း ဒေသခံများက ပြောသည်။

မြင်းခြံအပြင် နွားထိုးကြီးမြို့နှင့် တောင်သာမြို့နယ်များတွင်လည်း စစ်ကောင်စီတပ်အား PDFများက တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။