Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ လွတ်မြောက်ရေးလှုပ်ရှားမှုအပြီး မြို့အထင်ကရ နေရာများတွင် MNDAA အလံများလွှင့်ထူ

တစ်လကြာတိုက်ပွဲဖြစ်ခဲ့သည့် မြို့သန့်ရှင်းရေးနှင့်မိုင်းအန္တရာယ် ရှင်းလင်းမှုပြုလုပ်

ဓာတ်ပုံ - MNDAA

ထားမြတ်/People’s Spring

လားရှိုးမြို့တဝိုက်ရှိ အရေးပါသော အထင်ကရနေရာများတွင် မဟာမိတ်တပ်ဖွဲ့ နိုင်ငံရေးဌာန လုပ်ငန်းအဖွဲ့မှ အထူးဒေသအလံနှင့် MNDAAတပ်မတော်အလံများ လွှင့်တင်ခြင်း ပြုလုပ်ခဲ့ဟု MNDAAက ယနေ့ ထုတ်ပြန်သည်။

လားရှိုးလွတ်မြောက်ရေးလှုပ်ရှားမှု ပြီးဆုံးသည် နှင့် သြဂုတ် ၈ရက်တွင် မဟာမိတ်တပ်ဖွဲ့ နိုင်ငံရေး ဌာန အလုပ်အဖွဲ့သည် ပြည်ထောင်စု မြန်မာနိုင်ငံ အထူးဒေသ(၁) အလံနှင့် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် အလံအား နောင်မွန် မှ လားရှိုးလမ်းတစ်လျှောက်ဟိုပိတ် ဒေသ အပါအဝင် အထင်ကရ နေရာများ၌ လွှင့်ထူခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထိုသို့ အလံများလွှင့်ထူခြင်းသည် တော်လှန်ရေးစိတ်ဓာတ်နှင့် ယုံကြည်ချက်တစ်ရပ်ကို ကိုယ်စားပြုပြီး၊ အမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်၏ မြင့်မားသောအခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် အထူးအုပ်ချုပ်ရေးဒေသ(၁)၏ သန္နိဋ္ဌာန်ကို ပြသခြင်းဖြစ်ကြောင်း၊ တပ်မတော်နှင့်ပြည်သူများ အကြား စည်းလုံးညီညွတ်မှုနှင့် တိုးတက်မှုကို လမ်းညွှန်ပြသခြင်းဖြစ်ကြောင်း MNDAAက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဇူလိုင် ၃ရက်မှ ဩဂုတ် ၃ရက်အထိ တစ်လခန့် ကြာမြင့်ခဲ့သည့် လားရှိုးတိုက်ပွဲအပြီး လားရှိုးမြို့ ပြန်လည်တည်ဆောက်ရေးကို MNDAA အဖွဲ့ဝင်များက နယ်မြေခံ ပြည်သူများနှင့် ပူးပေါင်းကာ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများလုပ်ဆောင်ခဲ့ဟုလည်း ထုတ်ပြန်သည်။

တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားပြီးနောက် လားရှိုးမြို့အေးချမ်းမှု ပြန်လည်ရရှိလာခဲ့ရာ သြဂုတ် ၉ ရက်က ဟိုပိတ်ဘက်မှ လားရှိုးမြို့အထိ ကားလမ်းရှင်းလင်းရေးအတွက် မဟာမိတ်တပ်မတော် အလုပ်အဖွဲ့မှ ဒေသခံများနှင့် ပူးပေါင်းကာ ရှင်ငးလင်းမှု လုပ်ခဲ့သည်ဟုဆိုသည်။

သန့်ရှင်းရေးဆောင်ရွက်ရာတွင် အရာရှိများနှင့် စစ်သားများသည် အနီးပတ်ဝန်းကျင်ရှိ အန္တရာယ်ရှိပစ္စည်းများကို ရှာဖွေခြင်းပြုလုပ်ခဲ့ကြောင်း အသိပေးသည်။

ယခုကဲ့သို့ သန်ရှင်းရေးလုပ်ဆောင်မှုသည် လားရှိုးမြို့ ပြန်လည်တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးဆီသို့ ပထမဆုံးခြေလှမ်းဖြစ်သည်ဟု ဆိုသည်။

နောက်ဆက်တွဲ သန့်ရှင်းရေးနယ်ပယ်ကို လားရှိုးမြို့တစ်မြို့လုံးသို့ တိုးချဲ့သွားမည်ဖြစ်ပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် လားရှိုးမြို့မှ တိုင်းရင်းသားများ ပြန်ရောက်လာပြီး ပိုမိုပါဝင်လာမည်ဟု မျှော်လင့်ကြောင်း MNDAAက ထုတ်ပြန်သည်။

(လားရှိုးမြို့အနီးရှိ အထင်ကရ နေရာများတွင် မဟာမိတ်တပ်ဖွဲ့ နိုင်ငံရေးဌာန လုပ်ငန်းအဖွဲ့မှ အထူးဒေသအလံနှင့် MNDAA တပ်မတော်အလံများ လွှင့်တင်ထားစဉ်။ ဓာတ်ပုံ – MNDAA)

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့‌နယ်အတွင်း စစ်တပ်က ကင်းထောက်လေယာဉ်အနိမ့်ပျံသန်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။

Facebook