Connect with us

Hi, what are you looking for?

သတင်း

AAသိမ်းပိုက်ထားသည့် မြောက်ဦးမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အရပ်သား ၆ဦးသေ၊၁၀ဦး ဒဏ်ရာရ

အရပ်သားပြည်သူများနေထိုင်သည့် မြောက်ဦးမြို့ပေါ် လူနေရပ်ကွက်အတွင်းသို့ စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၆ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၀ဦးရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။

ရှိုင်း/People’s Spring

အရပ်သားပြည်သူများနေထိုင်သည့် မြောက်ဦးမြို့ပေါ် လူနေရပ်ကွက်အတွင်းသို့ စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၆ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၀ဦးရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။

AA အနေဖြင့်ရက္ခိုင်ဒေသ စစ်ဆင်ရေးအတွင်းမြောက်ဦး အပါအဝင် ရက္ခိုင်ပြည်နယ်အတွင်းရှိ မြို့၉မြို့ကို အပြီးသတ်သိမ်းပိုက်ထားပြီး ကျန်မြို့များကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှု မရှိတော့သည့် မြောက်ဦးကိုလေကြောင်း တိုက်ခိုက်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၁၀ရက် နေ့လယ်ပိုင်းက မြောက်ဦးမြို့ပေါ် လူနေရပ်ကွက်အတွင်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြောက်ဦးဟိုတယ် အနီးအနားပတ်ဝန်းကျင်နှင့် လမ်းမပေါ်သို့ ကျရောက် ပေါက်ကွဲထိမှန်ခဲ့ကြောင်း၊ အနှေးယာဉ် (တုတ်တုတ်) တစ်စီးပေါ်တွင် လိုက်ပါလာသော ခရီးသွားပြည်သူများနှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိ အပြစ်မဲ့အရပ်သားပြည်သူ (၆) ဦး သေဆုံးခဲ့ပြီး (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

ဩဂုတ် ၆ရက်ကလည်း မြောက်ဦးရှိ ဆေးရုံတစ်ခုအား စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း AAက ထုတ်ပြန်ထားပြီး အဆိုပါတိုက်ခိုက်မှုအတွင်းထိခိုက်မှုရှိမရှိ ဖော်ပြမထားပေ။

စစ်ကောင်စီအနေဖြင့် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် မြို့ရွာများကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းအား ဟန်းတားပေးရန် AA ပါဝင်သည့် ညီနောင်မဟာမိတ် ၃ဖွဲ့က ဩဂုတ် ပထမပတ်အတွင်း၌ တရုတ်နိုင်ငံကို အဓိကထား တောင်းဆိုထားသည်။ မြောက်ဦး၊ ရှမ်းမြောက် ကွတ်ခိုင်၊ နမ့်ဆန်၊ ကိုးကန့် ဒေသ လောက်ကိုင်၊ သိန္နီမြို့နယ်များအား စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်နေသည့်အပေါ် အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့တောင်းဆိုမှုများ ရှိသော်လည်း တအာင်း(TNLA) ထိန်းချုပ်နယ်မြေ ကွတ်ခိုင်နှင့် မြောက်ဦးကို လေကြောင်း တိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မြောက်ဦးမြို့သည် လက်ရှိအချိန်တွင် စစ်ကောင်စီကင်းစင်သော မြို့တစ်မြို့ဖြစ်ပြီး တိုက်ပွဲမဖြစ်ပွားခဲ့သည်မှာ ၆လကျော်ရှိပြီဖြစ်ကြောင်း AAက ထုတ်ပြန်သည်။

နိုင်ငံတစ်ဝန်းမှ တော်လှန်ရေးအဖွဲ့အစည်းများထိန်းချုပ်ထားသော တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာဒေသများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံ၊ ဈေးများနှင့် လူနေထူထပ်သည့်နေရာများကို စစ်ရေးအရ အထိနာ ရှုံးနိမ့်နေသည့် စစ်ကောင်စီက လေကြောင်းမှ ရော့ကတ်၊ ဖျက်အားပြင်းဗုံးများဖြင့် ကြဲချတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများကို ရှုံးမဲမဲကာ ဆက်တိုက် ကျူးလွန်လျက်ရှိဟု AAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။