Connect with us

Hi, what are you looking for?

သတင်း

မောင်တောခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင် ၂၀ ​​ကျော်AAထံ အလင်းဝင်

အာရက္ခတပ်တော်(AA)က မြို့သိမ်းထိုးစစ်တိုက်ခိုက်နေသည့် မောင်တောမြို့မှ ခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် ၂၀ ကျော်AA ထံ လက်နက်ချအလင်းဝင်ခဲ့သည်။

မိထက်/People’s Spring

အာရက္ခတပ်တော်(AA)က မြို့သိမ်းထိုးစစ်တိုက်ခိုက်နေသည့် မောင်တောမြို့မှ ခရိုင်ရဲတပ်ဖွဲ့မှူးဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် ၂၀ ကျော်AA ထံ လက်နက်ချအလင်းဝင်ခဲ့သည်။

မောင်တောမြို့မှ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး၊မြို့နယ်မှူးပါဝင်သည့် ရဲအရာရှိများသည် ဩဂုတ်လ ၆ရက်က လက်နက်ချခဲ့ခြင်းဖြစ်ပြီး ယခုအခါ AA က ထိန်းသိမ်းစောင့်ရှောက်ပေးထားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အလင်းဝင်လာသူများ၏ လုံခြုံရေးကြောင့် အမည်များကိုမူထုတ်ဖော်ပြောကြားခြင်းမရှိပေ။

မောင်တောမြို့မှ စစ်ကောင်စီစခန်းများအပြားကို AAက သိမ်းယူထားပြီး တခုတည်း ကျန်ရှိ နေသည့် အမှတ်(၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၅) နှင့် မြို့ထဲရှိစစ်တပ် တပ်စွဲရာ​နေရာများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ ယခုရက်ပိုင်းတိုက်ပွဲအလွန်ပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ပစ်ခတ်နေသလို စစ်တွေမြို့မှနေ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည်ဟု AAနှင့် နီးစပ်သည့်စစ်ရေးသတင်းရင်းမြစ်အချို့ထံမှသိရသည်။

နခခ-၅ စခန်းသည် မောင်တောဒေသအတွင်း၌စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်ပြီး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း AAက သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီသည် ဗိုလ်မှူး(မူဆလင်)ရွာမှ မူဆလင် သက်ကြီးရွယ်အိုများ၊ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးသူငယ်များကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီး ပိတ်လှောင်ထားရာ အချို့မှာ စားနပ်ရိက္ခာများပြတ်တောက်ကာ အစာရေစာပြတ်လပ်မှုဒဏ်ကို ခံစားနေရကြောင်း၊ ထိုရွာမှ ပြည်သူ ၃၀၀ခန့်တို့အား ဩဂုတ်လ (၈) ရက်‌ နေ့တွင် ဘေးကင်းလုံခြုံရာနေရာသို့ အောင်မြင်စွာ ကယ်ထုတ်လာခဲ့သည်ဟု AAက ထုတ်ပြန်ထားသည်။

ထိုအပြင်မောင်တောမြို့၊ အမှတ် (၈) ရပ်ကွက်၊ ကညင်တန်းရွာတွင် စစ်ကောင်စီနှင့် လက်နက်ကိုင်မူဆလင်များက လူသားဒိုင်းအဖြစ် ပိတ်လှောင်ထားသော မူဆလင် (၅၀၀) ဦးခန့်အား ဩဂုတ်လ (၈) ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့်တွင် AAက လုံခြုံရာနေရာသို့ ကယ်ထုတ်​နိုင်ခဲ့​ကြောင်းလည်းအသိ​ပေးထားသည်။

စစ်ကောင်စီက မောင်တောမြို့အား မဆုံးရှုံးရရေးအတွက် မြို့တွင်းမှနေ၍ ခုခံစစ်စခန်းများသဖွယ်ပြင်ဆင်ပြီး ခုခံစစ်ဆင်နွှဲရန် ပြင်ဆင်လျက်ရှိကြောင်း၊ တစ်ပြိုင်နက်တည်းတွင် AA ကလည်း မောင်တောမြို့အား ဝိုင်းရံပိတ်ဆို့ထားပြီး မောင်တောတစ်မြို့လုံးကို သိမ်းပိုက်ရယူနိုင်ရေးအတွက် အပြင်းအထန်ထိုးစစ်ဆင်​နေသည်။ ထို့အပြင် စစ်ကောင်စီသည် မောင်တောမြို့တွင်း၌ မိုင်းများထောင်ထား၍ ဒေသခံများမိုင်းအန္တရာယ်သတိရှိကြရန် AAက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ရေဘေးသွားလှူမယ့်သူတွေကို နေအိမ်ချိပ်ပိတ်မယ်ဆိုပြီး အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခရိုင်ရဲတပ်ဖွဲ့မှူးက ခြိမ်းခြောက်နေ​​ကြောင်း ဒေသခံအချို့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ