Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းမယ့်အခြေအနေရောက်ပြီလို့ KNU ဥက္ကဋ္ဌ ဆို

တစ်နိုင်လုံးရဲ့ ဆန့်ကျင်တော်လှန်မှုအရှိန်အဟုန်ကြောင့် အာဏာသိမ်းစစ်ကောင်စီရဲ့ အခြေအနေဟာ ပြိုလဲ ကျဆုံးချိန်ရောက်နေပြီလို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြား လိုက်ပါတယ်။

နိုင်ပကောင်း/People’s Spring

တစ်နိုင်လုံးရဲ့ ဆန့်ကျင်တော်လှန်မှုအရှိန်အဟုန်ကြောင့် အာဏာသိမ်းစစ်ကောင်စီရဲ့ အခြေအနေဟာ ပြိုလဲ ကျဆုံးချိန်ရောက်နေပြီလို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြား လိုက်ပါတယ်။

ဒီနေ့ သြဂုတ်လ ၁၂ ရက်မှာကျရောက်တဲ့ (၇၄)နှစ်မြောက် ကရင့်အာဇာနည်နေ့ ကို ပေးပို့တဲ့ သဝဏ်လွှာမှာ KNU ဥက္ကဋ္ဌ က ထည့်သွင်းပြောကြားသွားတာပါ။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေဟာ “ စစ်အာဏာရှင် ချုပ်ငြိမ်းပျောက်ကွယ်တော့မယ့် အခြေအနေ လည်းဖြစ်ပါတယ် “ လို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

စစ်အာဏာရှင် စနစ် ဆုံးခန်းတိုင်ဖို့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပြီး နိုင်ငံကို ဖက်ဒရယ် ဒီမို ကရေစီ နိုင်ငံ ထူထောင်မယ်လို့လည်း ဆိုပါတယ်။

ကရင်အမျိုးသားတွေအနေနဲ့လည်း မတူညီမှုတွေ ၊ အမြင်ကွဲလွဲနေမှုတွေကို ဘေးဖယ်ပြီး ကရင်အမျိုး သားအလံတော်အောက်မှာ စည်းစည်းလုံးလုံး ပါဝင်ကြဖို့ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းပါတယ်။

KNU ရဲ့ ဗဟိုစစ်ဦးစီးဌာနချုပ်ကလည်း ကရင်အမျိုးသားတွေ ငိုက်မြည်းမေ့လျာ့မနေကြဖို့နဲ့ သတိရှိရှိ တိုက်ပွဲဝင် လှုပ်ရှားကြဖို့ကို ဒီနေ့ မှာကျရောက်တဲ့ကရင့်အာဇာနည်နေ့မှာ နှိုးဆော်ပါတယ်။

KNU ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်လူငယ်တွေကို စစ်သင်တန်းပေးတာ ၊ စစ်တပ် ရဲ့ ဖမ်းဆီးမှုကနေ ထွက်ပြေးလာသူတွေကို ခိုလှုံခွင့်ပေးခဲ့ပါတယ်။

ဒါအပြင် စစ်ကောင်စီကို ဦးဆောင်တိုက်ခိုက်နေပြီး KNU လက်အောက်ခံတပ်မဟာ နယ်မြေတွေအားလုံး မှာတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီ ခေါင်းဆောင် မိန့်ခွန်းပြောရာမှာ KNU ဟာ စစ်တောင်းမြစ်ဝှမ်းမှာတိုက် ပွဲဖော်ဆောင်ဖို့ စီစဉ်ထည့်နေတယ်လို့ ထည့်သွင်းပြောသွားခဲ့ပါတယ်။

စစ်တောင်းမြစ်ဝှမ်းဟာ စစ်ကောင်စီရဲ့စစ်ဌာနချုပ်တည်ရှိရာ နေပြည်တော်ဆီ ထိုးဖောက်ဖို့ အနီးဆုံးနေရာ ရှိနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook