Connect with us

Hi, what are you looking for?

သတင်း

ကျပ်​ငွေတန်ဖိုး စံချိန်တင်ထပ်မံကျဆင်း

တစ်​ဒေါ်လာ ၇၀၀၀ ကျပ်​ ၊၁ ဘတ် ၂၀၀ ကျပ် ​၊၁ ယွမ် ၁၀၀၀ ကျပ်​ကျော်ဈေး​ပေါက်

ကျပ်​ငွေတန်ဖိုးကျဆင်းမှုမှာ ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံးအ​ခြေအ​နေ ဖြစ်သည်။ ဓါတ်ပုံ-Getty Images

ဒီပ/ People’s Spring

ပြည်တွင် ​ငွေ​ကြေး​ဈေးကွက်တွင် ကျပ်​ငွေတန်ဖိုးမှာ ယ​​နေ့(သြဂုတ် ၁၃) သမိုင်းတစ်​လျှောက်အနိမ့်ဆုံးစံချိန်သို့ ထပ်မံကျဆင်းခဲ့သည်။

ပြင်ပ​ငွေ​ကြေး​ဈေးကွက်တွင် သြဂုတ် ၁၃ ရက်နေ့လယ်ပိုင်းတွင် အ​​မေရီဒေါ်လာမှာ ၁​ဒေါ်လာလျင် ကျပ် ၇၀၀၀ ​အထက်သို့ စ​ရောက်လာပြီး ၊ ဘတ်​ဈေးမှာ ၁ ဘတ်လျင် ၂၀၀ ကျပ်၊ ယွမ်​ဈေးမှာ ၁ ယွမ်လျင် ၁၀၀၀ ကျပ် ​ဈေး​ပေါက်​နေပြီး အဆိုပါနှုန်းများမှာ သမိုင်းတ​လျှောက် ကျပ်​ငွေတန်ဖိုး အနိမ့်ဆုံးကျဆင်းခြင်းဖြစ်သည်။ ​ရွှေ​ဈေးမှာလည်း အ​ခေါက်​ရွှေ ၁ ကျပ်သားလျင်ကျပ်၇၈ သိန်းခန့်အထိတက်လာ​ကြောင်းစုံစမ်းသိရသည်။

စစ်တပ်အာဏာမသိမ်းခင်က ၁ ​ဒေါ်လာ ၁၃၀၀ ကျပ်​ကျော် ၊ ၁ လတ် ၅၅ ကျပ်​ကျော် သာရှိခဲ့ပြီး လက်ရှိ​ဈေးဖြင့် နှိုင်းယှဥ်ပါက ​ဒေါ်လာ​​ဈေးမှာ ၅ ဆ ​ကျော် ၊ ဘတ်​ဈေးမှာ ၄ ဆ ဝန်ကျင်တက်ခဲ့ခြင်းဖြစ်သည်။ ​အာဏာမသိမ်းခင်က ရွှေ​ဈေးမှာလည်း ၁ ကျပ်သားလျင် ကျပ် ၁၃ သိန်း​ကျော်သာရှိခဲ့သဖြင့် ၆ ဆ ခန့်​ဈေးတက်လာခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကျပ်​ငွေတန်ဖိုးမှာဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံးအ​ခြေအ​နေကိုရင်ဆိုင်​နေရခြင်းဖြစ်သည်။

အဆိုပါနှုန်းများမှာ ဟွန်ဒီ​ဈေး ၊လက်ကား​ဈေးဖြစ်ပြီး ပြည်တွင်း၌ အရွက်​ရေဖြင့် ​ရောင်း​သော ၊လက်လီ​ရောင်း​ဈေးမှာထိုထက်ပင်များနိုင်​ကြောင်း​ငွေလဲလှယ်​နေသူများက​ပြောသည်။ကျပ်​ငွေတန်ဖိုးစံချိန်တင်ကျဆင်း​ကာ ​ဒေါ်လာ၊ဘတ် ၊ယွမ် စ​သောနိုင်ငံခြား​ငွေ ​ဈေးများ တရှိန်ထိုးတက်​နေ​သော်လည်း ​ဈေးကွက်တွင် ​နိုင်ငံခြား​ငွေများမှာ ဝယ်သူသာများပြီး​ရောင်းသူနည်း​နေကြောင်းငွေ​ကြေး​ရောင်းဝယ်သူအချို့က​ပြောသည်။

“​​ဒေါ်လာကလည်းဝယ်လို့မရဘူး ။ အရင်က ​ကြောက်လို့ဝယ်တာ( ​နိုင်ငံခြား​ငွေဝယ်ယူတာ) ကပြန်ကျတယ် ။အခုက အရင်နဲ့မတူဘူး”ဟု ​ငွေ​ကြေး​ရောင်းဝယ်သူတစ်ဦးက ​ပြောသည်။

​ငွေ​ဈေးအတက်အကျကြမ်းသဖြင့် ​ငွေ​ကြေး​ရောင်းဝယ်သူအချို့ ​အ​ရောင်းအဝယ် ခတ္တရပ်နားထားကြသလို ၊​ရောင်းဝယ်သူအချို့ အရှုံး​ပေါ်​နေသည်။ နိုင်ငံခြား​ငွေ​ဈေးကို မှီခိုလုပ်ကိုင်​ေိရ​သောလုပ်ငန်းများလည်း လုပ်ငန်းလည်ပက်ရန်အခက်​တွေ့​နေ​ကြောင်းသိရသည်။

ကျပ်​ငွေတန်ဖိုးစံချိန်တင် ထိုးကျ​နေခြင်းမှာစစ်​ကောင်စီမှာ ကျပ်​ငွေ စက္ကူများ အများအပြားဆက်တိုက် ရိုက်နှိပ် ထုတ်​ဝေ​နေခြင်း ၊ နယ်စပ်ကုန်သွယ်​ရေး ရပ်တန့်လုဖြစ်​နေပြီး ကုန်သွယ်​ရေးကျဆင်းကာ​ပြည်တွင်းသို့ နိုင်ငံခြား​ငွေ ဝင်​ရောက်မှုနည်းလာခြင်း ၊ စစ်​ကောင်စီ မှလက်နက်ခဲယမ်းနှင့် ​လေယာဥ်ဆီဝယ်ရန် နိုင်ငံခြား​ငွေ လို​နေပြီးလိုက်ဝယ်ခြင်း ၊ဗိုလ်ချုပ်များ အရာရှိများကိုယ်တိုင် ကျပ်​ငွေ​ရောင်းပြီးနိုင်ငံခြား​ငွေ ဝယ်ခြင်း ၊ ကျပ်​ငွေအ​ပေါ်ယုံကြည်မှုကျဆင်းပြီးတိုက်ပွဲဖြစ်ပွားရာ ​ဒေသမှ ​ငွေ​ကြေးတက်နိုင်သူများက ကျပ်​ငွေအစား ​ဒေါ်လာ၊ဘတ် စသဖြင့် ​ငွေမာ​ပြောင်းကိုင်ခြင်း စ​သောအ​ကြောင်းရင်းများ​ကြောင့်ဖြစ်​ကြောင်း စုံစမ်းသိရသည်။

“မြန်မာပြည်မှာ ဒေါ်လာမရှိတော့လို့ ပြည်တွင်းမှာ Income မရှိတော့ဘဲ ပြည်ပကသွင်းကုန်မဝယ်တော့ဘူး။ ပြည်ပကနေ စက်သုံးစီတောင် မဝယ်နိုင်တော့ဘူး။ ဆီ(စက်သုံးဆီ)သာထပ်ဝယ်ရင် ဈေးကထက်တက်အုံးမှာ”ဟု ​ငွေ​​ကြေး​ရောင်းဝယ်သူတစ်ဦးက​ပြောသည်။

ပြည်သူများက ဘဏ်များအ​ပေါ် ၊ကျပ်​​ငွေအ​ပေါ်ယုံကြည်မှုမရှိတော့သဖြင့် ဘဏ်မှ ငွေများထုတ်ပြီး ၊စစ်​ကောင်စီကလည်း ဘဏ်များကလိုသမျှ​ငွေစက္ကူကို လှိမ့်ရိုက်ထုတ်​ပေး​သောနည်းဖြင့် ​ဖြေရှင်း​​ခြင်း ၊နိုင်ငံတဝန်း စစ်ရှိန် ပြင်းထန်လာသော​ကြောင့် ကျပ်​ငွေတန်းဖိုးဆက်တိုက်ကျဆင်း​နေခြင်းဟု၎င်းကသုံးသပ်သည်။

“အဓိကတော့ တိုင်းပြည်မှာ နိုင်ငံခြားဝင်ငွေ မရှိတာပေါ့။နောက်ပြီး လိုသမျှငွေကို ပုံနှိပ်စက်ကနေ ထုတ်ပြီးဖြေရှင်းနေတော့ ငွေကြေးက ပိုကျလာတာပေါ့”ဟု ​ငွေ​ကြေး​အရောင်းအဝယ်လုပ်ကိုင်​နေသူတစ်ဦးက​ပြောသည်။

“အခုက new environment ကလူ​​တွေပါထွက်ဝယ်​နေတာ”ဟု ​ငွေ​ကြေး​ဈေးကွက်ကျွမ်းကျင်းသူ​တစ်ဦးက​ပြောသည်။ ၎င်း​ပြောသည့် new environment မှာ ယခင် ​ငွေ​ကြေး​ရောင်းဝယ်လဲလှယ်​နေကြမဟုတ်ဘဲ တိုက်ပွဲများ​ကြောင့်တိမ်း​ရှောင်ရ​သော သူ​ဌေးများကပါ ကျပ်​ငွေကို နိုင်ငံခြား​ငွေဖြင့် လဲလှယ်​​လာကြခြင်းဖြစ်​သည်။

​ဒေါ်လာ​ဈေးတက်ပြီး ​ဒေါ်လာရှားပါသဖြင့် ပြည်ပမှ စက်သုံးဆီတင်သွင်းမှု ​လျော့နည်းလာသဖြင့်စက်သုံးဆီဆိုင်များတွင် ဆီရှားပါးမှု ပြသာနာထပ်ဖြစ်လာပြီး ကာလတိုအတွင်း​ပြေလည်ရန်မလွယ်ကူ​ကြောင်းလုပ်ငန်းရှင်များက​ပြောသည်။စက်သုံးဆီ​ဈေးကြီးပြီးရှားပါးလာသဖြင့် အ​ထွေ​ထွေကုန်​ဈေးနှုန်းများလည်းထက်မံတက်လာနိုင်​ကြောင်းလုပ်ငန်းရှင်များကခန့်မှန်သည်။

ကျပ်​​ငွေတန်ဖိုး စံချိန်တင်​ဖောင်းပွ​နေမှုနှင့် ပက်သပ်၍ နိုင်ငံရေးဘောဂလေ့လာသူတဦးက”ငွေတွေက လက်လွတ်စပယ် လှိမ့်ရိုက်နေတယ်။စီးပွါးရေးကတော့ စကစပြုတ်ပြီးမှ ပြန်လုပ်လို့ရမှာပဲ ။ဒီတိုင်းကတော့ ကုစားဖို့ ဆေးမရှိဘူး” ဟုပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​ကောင်စီက ကျပ်​ငွေတန်ဖိုးစံချိန်ကျဆင်းပြီးဒေါ်လာ​ဈေးတက်ခြင်းအတွက် ​ငွေလဲလှယ်သူများကို အပြစ်လွှဲချပြီးဖမ်းဆီး ခြိမ်း​ခြောက်​သော်လည်း ​ငွေ​​ကြေး​ဈေးကွက်တွင် ​ဒေါ်လာ​ဈေးမှာ အ​ပြောင်းအလဲ မရှိဟု​ဈေးကွက်မှသိရသည်။

သတင်း

ပြင်ပ ​ငွေ​ကြေး​ဈေးကွက်တွင် သြဂုတ် ၂ ရက်၌ အမေရိကန်တစ်ဒေါ်လာ ၅,၆၂၀ ကျပ်အထိ စံချိန်တင်မြင့်တက်​နေပြီး အခေါက်ရွှေစျေး တစ်ကျပ်သား သိန်း ၇၀ နီးပါရှိလာကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်းများထံမှ သိရသည်။

သတင်း

အ​ခေါက်​ရွှေ တစ်ကျပ်သား ၆၇ သိန်းကျပ် ၊​တစ်ဒေါ်လာ ၅၃၅၀ ကျပ်အထိတက်

သတင်း

ပြည်တွင်းရွှေဈေးသည် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃,၆၉၁,၀၀၀မှ ၃,၇၂၀,၀၀၀ကျပ် အထိမြင့်တက်လာပြီး ဒေါ်လာဈေးမှာလည်း တစ်ဒေါ်လာကို ၃၅၅၀ ကျပ်မှ ၃၆၀၀ကျပ်အထိ ပေါက်ဈေးရှိခဲ့ခြင်းဖြစ်သည်ဟုရွှေနှင့်​ဒေါ်လာလဲလုပ်ငန်းရှင်များကပြောသည်။