Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ငွေကြေးဈေးကွက်အတွင်း တရုတ်ယွမ်ငွေ ပိုထုတ်ရောင်းလာ

တရုတ်က စစ်​ကောင်စီကို ​ယွမ် ၃ ဘီလီယံ​ပေးပြီး​နောက်နိုင်ငံခြား​ငွေ​ဈေးကျဆင်းသွား

စောနွေဦး/People’s Spring

စစ်ကောင်စီက ယခုနှစ်ဘဏ္ဍာနှစ်ဝက်အတွင်း တရုတ်ယွမ်ငွေ ၅၃ သန်းကျော်ကို ထုတ်ရောင်းခဲ့ကြောင်း စစ်ကောင်စီ၏ဗဟိုဘဏ်က ထုတ်ပြန်သည့် စာရင်းများအရသိရသည်။

နိုင်ငံခြားငွေလိုအပ်ချက်ကြီးမားနေသည့် စစ်ကောင်စီက သွင်းကုန်လုပ်ငန်းများနှင့် ၎င်းတို့ အသုံးပြုရန် မရှိမဖြစ်လိုအပ်သည့် လေယာဉ်ဆီနှင့်အခြားစက်သုံးဆီများအတွက် သွင်းကုန်လုပ်

ငန်းရှင်များအတွက် တရုတ်ယွမ်၊ ထိုင်းဘတ်နှင့် အမေရိကန် ဒေါ်လာများကို ထုတ်ရောင်းပေးရာတွင် ယခုနှစ်ဘဏ္ဍာနှစ်အတွင်း တရုတ်ယွမ်ငွေ ထုတ်ရောင်းမှု သိသိသာသာတိုးတက်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စစ်ကောင်စီက တရုတ်ယွမ်ငွေ ၁၆ သန်းကျော်ကိုသာထုတ်ရောင်းခဲ့သော်လည်း ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်ဝက် ​​ခြောက်လအတွင်း၌ တရုတ်ယွမ်ငွေ ၅၃ သန်းကျော်အထိရောင်းချပေးခဲ့ခြင်းဖြစ်သည်။

“ဒီလို တရုတ်ငွေတွေ ထုတ်ပေးရခြင်းက တရုတ်ဆီက စကစ(စစ်ကောင်စီ)က ကုန်ပစ္စည်းဝယ်တာ ပိုများလာတယ်ဆိုတာ ကိန်းဂဏန်းတွေက ညွှန်ပြတာပါပဲ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ပြီးခဲ့သည့် နှစ်အတွင်း စစ်ကောင်စီက ထိုင်းဘတ်ငွေ သန်း ၁၆၇၅ ကျော်ကို ရောင်းချခဲ့သော်လည်း ယခုဘဏ္ဍာနှစ်အတွင်း ထိုင်းဘတ်ငွေ ၃၁၃ သန်းကိုသာ ထုတ်ရောင်းခဲ့သည်ကို​တွေ့ရသည်။

အ​မေရီကန် နှင့် နိုင်ငံတကာပိတ်ဆို့မှုများကြောင့် ထိုင်းနိုင်ငံက စစ်ကောင်စီနှင့် ကုန်သွယ်မှုလျော့ချလိုက်ခြင်းကြောင့် ထိုင်းနှင့် စစ်ကောင်စီကြားကုန်သွယ်မှုလျော့ကျသွားခြင်းဖြစ်သည်ဟုအခြားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။ ထိုအပြင် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်​ရေးတွင် အဓိက ကုန်သွယ်​ရေးလမ်း​ကြောင်းဖြစ်​သော အာရှလမ်းမကြီး နှင့် မြဝတီ မြို့ အနီးရှိ စစ်တပ်စခန်းများကို KNU နှင့် ​တော်လှန်​ရေးတပ်များသိမ်းပိုက်ထိန်းချုပ်ထားပြီး​နောက် မြဝတီနယ်စပ်ကုန်သွယ်​ရေးလမ်း​ကြောင်းမှ တရားဝင်နယ်စပ်ကုန်သွယ်မှုကို ထိုင်းနိုင်ငံက ရပ်တန့်ထားသဖြင့် နယ်စပ်ကုန်သွယ်​ရေးကျဆင်းသွားခြင်းဖြစ်သည်။

ထိုအပြင် စစ်ကောင်စီသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈၆ သန်းရောင်းချပေးခဲ့သော်လည်း ယခုဘဏ္ဍာနှစ် ဝက် ​ခြောက်လအတွင်း (၂၀၂၄-၂၅ ဧပြီ ၁ ရက် စက်တင်ဘာ ၃၀ ရက်အထိ) အမေရိကန်ဒေါ်လာ ၁၉၆ သန်းကို ထုတ်ရောင်းပေးခဲ့သည်။ ထို​ကြောင့် ​ဒေါ်လာထုတ်​ရောင်းမှုမှာလည်း ယခင်နှစ်ကထက်ပိုများခဲ့သည်ကို​တွေ့ရသည်။

ပြည်ပပေါက်ဈေးတွင် အမေရိကန်တစ်ဒေါ်လာကို ကျပ် ၄၇၅၀၊ ထိုင်းဘတ်ငွေ တစ်ဘတ်ကို ၁၄၃ ကျပ်နှင့် တရုတ်ငွေတယွမ်ကို ၆၆၀ကျပ်ပေါက်ဈေးရှိနေသည်။

တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝန်ယိ သြဂုတ်လတွင်မြန်မာနိုင်ငံသို့လာပြီး​နောက် တရုတ်နိုင်ငံက စစ်ကောင်စီကို ချေးငွေ ယွမ် ၃ ဘီလီယံ(​​ဒေါ်လာသန်း၄၃၀ ​ခန့်)​ပေးပြီးနောက် နိုင်ငံခြားငွေလဲနှုန်းများကျဆင်းလာခြင်းဖြစ်သည်။အ​စောပိုင်းတွင်တရုတ်က​ချေး​ငွေ​ပေးသည်ဟုသတင်းထွက်ခဲ့​သော်လည်း တရုတ်နိုင်ငံက ​ယွမ် သုံးဘီလီယံကို သဘာဝဓါတ်​ငွေ့​ဖိုး​​ပေးသည်ဆို​သော​ခေါင်းစဥ်​အောက်မှ​ပေးကာ စစ်​ကောင်စီကို ဘဏ္ဍာ​ရေး အကြပ်ဆိုက်​နေမှုအားအသက်ဆက်ပေးခဲ့ခြင်းဖြစ်​ကြောင်း သတင်းရင်းမြစ်အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။