Connect with us

Hi, what are you looking for?

သတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုလာရောက်မယ်

လာမယ့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံဆီ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသွားရောက်ဖို့ ရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - Reuters

People’s Spring

လာမယ့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံဆီ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသွားရောက်ဖို့ ရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံမှာကျင်းပတဲ့ လန်ချန်း -မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစည်းအဝေးကိုတက်ရောက်ဖို့ သွားရင်း မြန်မာနိုင်ငံကိုသွားရောက်မှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းနဲ့ မြန်မာနိုင်ငံတွေဆီ သြဂုတ်လ ၁၄ ရက်ကနေ ၁၇ ရက် ကာလအတွင်းသွားရောက်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက မထုတ်ပြန်ထားပါဘူး။

နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ခရီးစဉ်မတိုင်ခင် ရက်ပိုင်းအလိုက တရုတ်ရဲ့အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွမ်းဟာ နေပြည်တော်ကို ရောက်ရှိလာခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် နဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ထားပါတယ်။

ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီ အားကိုးရတဲ့ စစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ ကိုးကန့်တပ်(MNDAA) လက်အောက်ရောက်သွားပြီးနောက် တရုတ်အထူးကိုယ်စားလှယ်ရော ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးပါ ရှေ့ဆင့် နောက်ဆင့် ဆိုသလို နေပြည်တော်ကို လာရောက်ကြတာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံမှာ စစ်ပွဲတွေ ဖြစ်ပွားတာကို မမြင်တွေ့လို့ တဲ့အပြင် ရှမ်းမြောက်ဒေသ တည်ငြိမ်ဖို့ မျှော်လင့်တယ်လို့ ထုတ်ပြောထားပါတယ်။

ဓာတ်ပုံ – ရိုက်တာ

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီရက်ပိုင်း Facebook Memory ကို ဖွင့်ကြည့်မိတိုင်း လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်က ပုံတွေ ပြန်ပေါ်လာတယ်။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရဲ့ ရေဘေးပုံတွေ။ ရွှံ့နွံထဲက လမ်းတွေ၊ ရေမြုပ်နေတဲ့ အိမ်တွေ၊ လှေနဲ့ သွားလာနေကြတဲ့ လူတွေ၊ ရေဘေးသင့်သူတွေကို ကူညီဖို့ အစားအသောက်နဲ့ ရေသန့်တွေ...

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ