Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင် ၊ မန္တ​လေး၊​ နေပြည်​တော်တွင် ​မြေပြန်​ရောင်းသူများ​နေ

ပြင်ဦးလွင်၊ မန္တ​လေးတွင်တိုက်ပွဲဖြစ်နိုင်​ကြောင်းသတင်းများထွက်​ပေါ်​နေပြီး ရန်ကုန်​ရွေ့​ပြောင်းသူများရှိ

သြဂုတ် ဒုတိယပါတ်တွင် အမြန်လမ်း မန္တ​​လေးမြို့ အနီးတိုးဂိတ်တစ်ခု နှင့် ပြင်ဦးလွင်-မန္တ​လေးလမ်းတွင် သြဂုတ် ၈ ရက်က တိုက်ပွဲဖြစ်မည်စိုး၍ တိမ်း​ရှောင်​နေသူများ၏ ကားတန်းကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

ရဲခေါင်/People’s Spring

နေပြည်တော်၊မန္တလေး၊ နှင့် ပြင်ဦးမြို့ရှိ မြေကွက် အရောင်းများလာပြီး အချို့မှာစျေးလျှော့ ရောင်းချနေကြောင်း အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်သူများက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အများစုနှင့် မန္တလေးတိုင်းအတွင်းရှိ စဥ့်ကူး၊ မိုးကုတ် ၊တကောင်းစသည့် မြို့များကို တော်လှန်ရေးတပ်များက ဆက်တိုက် သိမ်းပိုက်နိုင်ပြီး​​နောက် မြေစျေးကွက်မှာ အကျဖက်တွင်ရှိ​လာကာ ၊ ​မြေ​ကွက်ပြန်ရောင်းသူများလာ​ကြောင်း စုံစမ်းသိရသည်။

“တချို့ပိုက်ဆံပိုရှိတဲ့သူတွေက ပြန်ဝယ် နေတာမျိုးရှိတယ်။ဒါပေမယ့် အဝယ်နည်းတယ်။ရောင်းတဲ့သူ များ တာ။အဲဒါကြောင့်လည်း စျေးက ပေါက်စျေး သုံးပုံ တစ်ပုံလောက်ကိုလျော့ နေတာ”ဟု မန္တလေး အခြေ စိုက် အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

​တော်လှန်​ရေးတပ်များက စစ်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်​တော့မည်ဟု သတင်းကျယ်ပြန့်စွာထွက်​ပေါ်​နေ​သော စစ်တပ် တက္ကသိုလ် များရှိရာ ပြင်ဦးလွင် မြို့ နှင့် တိုက်ပွဲများ မြို့အနီး​ရောက်လာ​သော မန္တလေး မြို့တို့မှ ပြောင်ရွှေ့လာသူများမှာ ရန်ကုန်သို့ ​ရွေ့​ပြောင်းမှုများနေပြီး ရန်ကုန် အိမ်ခြံမြေ အငှားစျေးကွက် သွက်လာနေသည်ဟုလည်း သိရသည်။

သြဂုတ် ဒုတိယပါတ်တွင် အမြန်လမ်း မန္တ​​လေးမြို့ အနီးတိုးဂိတ်တစ်ခု နှင့် ပြင်ဦးလွင်-မန္တ​လေးလမ်းတွင် သြဂုတ် ၈ ရက်က တိုက်ပွဲဖြစ်မည်စိုး၍ တိမ်း​ရှောင်​နေသူများ၏ ကားတန်းကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

“မေမြို့၊မန္တလေး တစ်ဝိုက်က ရန်ကုန်ကိုပဲ တိုက်ရိုက်ဆင်းတယ်။နေပြည်တော်ကို မရှောင်ကြဘူး။ဘာကြောင့်လည်းဆိုတာတော့ မပြောတက်ဘူး။ရန်ကုန်မှာ အိမ်ငှားခ စျေးတွေ တောက်လျှောက်တက်နေတယ်။”ဟု ရန်ကုန် အိမ်ခြံမြေ လုပ်ငန်းလုပ်ကိုင်သူတစ်ဦး ပြော သည်။

ရှမ်း-မန်းစစ်ဆင်ရေး နှင့် ၁၀၂၇ ဒုတိယလှိုင်းမစမီက ရန်ကုန်မြို့ရှိ လူစည်းကားရာ မြို့နယ်များအနက် တိုက်ခန်းအငှားစျေးကွက်အရ ကျပ်တစ်သိန်းခွဲမှာ သုံးသိန်းဝန်းကျင်သာရှိသော်လည်း လက်ရှိ တွင် ကျပ် နှစ်သိန်း မှ ကျပ်ငါးသိန်း အနည်းဆုံးပေးရကြောင်း ရန်ကုန်မြို့ အိမ်ခြံမြေစျေးကွက်၏ စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

ထို့ကြောင့် ရန်ကုန်ရှိ အိမ်ခြံ၊တိုက်ခန်းပိုင်ရှင်များအနေဖြင့် စစ်​ဘေး​ရှောင် ပြည်သူများအ​ပေါ်လူသားချင်းစာနာထောက်ထားရန် နှင့် အမြတ်များစွာ မတင်ရန်ဝေဖန်မှုများရှိ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်ရှေ့မှာ တော်လှန်ပြည်သူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို ဒီကနေ့ (ဇွန် ၁၉) မှာ ဖော်ဆောင်ခဲ့ပါတယ်။

ဆောင်းပါး

အဲဒီနေ့ကတောင်ညိုလမ်းမှာမိုးတွေအုံ့နေခဲ့တယ်။ မှိုင်းပျပျ မိုးသားနောက်ခံနဲ့အတူ ဝါးလုံးစိမ်းတွေအပြည့်တင်ဆောင်လာတဲ့ကားတစ်စီးဟာ ချောက်ထဲထိုးကျနေခဲ့တယ်။ ဝါးတွေဟာ ပြန့်ကျဲနေသလို ချောက်ထဲမှာလည်း လူတွေဟာ ပိုးလိုးပက်လက် လဲကျနေခဲ့တယ်။

သတင်း

နေပြည်တော်မှာ ဝါးတွေတင်ဆောင်လာတဲ့ကားမှောက်လို့ ဝါးခုတ်တောင်သူ ၁၆ဦးသေဆုံးခဲ့ရတယ်လို့ လူမှုကယ်ဆယ်ရေး ပရဟိတ အသင်းအဖွဲ့ဝင်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

သတင်း

နေပြည်တော် နဲ့ မိတ္တိလာမြို့အပါအဝင်မန္တလေးတိုင်းအတွင်းရှိ ​ဒေသအချို့မှာ ဒီနေ့ညနေပိုင်းလေပြင်း ရုတ်တရက်တိုက်ခတ်ပြီးထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။