Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုနှင့် သီပေါတိုက်ပွဲ စစ်ကောင်စီလေကြောင်းပစ်ကူဖြင့် တုံ့ပြန်တိုက်ခိုက်

တိုက်ပွဲမရှိသည့် မန်တုံမြို့နယ်ကိုလည်း စစ်ကောင်စီ လေကြောင်း တိုက်ခိုက်

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တွင် ယနေ့ (ဩဂုတ် ၁၃ရက်) တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ၅၀ရက်မြောက် စစ်ရေးအခြေအနေကို အသိပေးခြင်းဖြစ်သည်။

နောင်ချိုမြို့နယ် နောင်လင်ကျေးရွာတွင် စစ်ကောင်စီ၏ တပ်မ(၉၉) လက်အောက်ခံ ခမရ(၃၀၂)တပ်၊ အရှေ့မြောက်ပိုင်းတိုင်စစ်ဌာနချုပ်လက်အောက်ခံ ခမရ (၃၂၅)တပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ(၃၀၆)တပ်ရင်းတို့နှင့် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီက တိုက်လေယာဉ်၊ Y12 လေယာဉ်တို့ဖြင့် ၁၁ကြိမ် ဗုံး ၈၅လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် သီပေါမြို့ ခလရ (၂၃)တပ်စခန်းကိုလည်း TNLAက ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီက လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့သည်။

အဆိုပါ ခလရ(၂၃) တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၁)ကြိမ်၊ Y-12 ထောက်ပို့လေယာဉ်ဖြင့် (၈)ကြိမ် ဗုံး(၄၄)လုံး လာရောက်ကြဲချခဲ့ဟု အသိပေးသည်။

ထို့ပြင် မန်တုံမြို့နယ် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မန်ဆာကျေးရွာတွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ဖျက်အားပြင်း ပေါင် ၅၀၀ဗုံး တစ်လုံးအပါ ဗုံး (၅)လုံးဖြင့် အရပ်သားပြည်သူများကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

စစ်ကောင်စီသည် တိုက်ပွဲမဖြစ်သည့် နမ့်ဆန်နှင့် ကွတ်ခိုင်မြို့များကိုလည်း လေကြောင်း တိုက်ခိုက်ခဲံရာ အရပ်သား ထိခိုက်သေဆုံးရှိခဲ့သည်။ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့သည့် နမ့်ဆန်၊ ကွတ်ခိုင်နှင့် မန်တုံမြို့များကို TNLA မဟာမိတ်တပ်က ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း၌ သိမ်းပိုက်ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။