Connect with us

Hi, what are you looking for?

သတင်း

အာဏာရှင်အစိုးရအား ဖြုတ်ချနိုင်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် ကျောင်းသား လူငယ်များနှင့် ပြည်သူများ၏ အောင်မြင်မှုများအတွက် မြန်မာတော်လှန်ရေးအဖွဲ့များ ဂုဏ်ပြုသဝဏ်လွှာပေးပို့

အာဏာရှင် အစိုးရအား ဖြုတ်ချနိုင်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကျောင်းသား လူငယ်များနှင့် ပြည်သူများ၏ အောင်မြင်မှုများအတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်း မြန်မာ့နွေဦး တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ယနေ့(သြဂုတ် ၁၆ရက်)ထုတ်ပြန်သည်။

အီယိုရီ/People’s Spring

အာဏာရှင် အစိုးရအား ဖြုတ်ချနိုင်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကျောင်းသား လူငယ်များနှင့် ပြည်သူများ၏ အောင်မြင်မှုများအတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်း မြန်မာ့နွေဦး တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ယနေ့(သြဂုတ် ၁၆ရက်)ထုတ်ပြန်သည်။

မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လွတ်လပ်စွာ ပြောရေးဆိုခွင့်နှင့် နိုင်ငံသား အခွင့်အရေးများကို အကြမ်းဖက် ဖိနှိပ် ချိုးဖောက်ကျုးလွန်နေသည့် အာဏာရှင် အစိုးရအား ကျောင်းသား လူငယ် အင်အားစုများနှင့် ဖိနှိပ်ခံ ပြည်သူတို့က ဆယ်စုနှစ်ကျော် မဆုတ်မနစ် တောင်းဆိုတိုက်ပွဲဝင်ကြခဲ့သည့် ရလဒ် အဖြစ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ အာဏာ စွန့်လွှတ်ရသည့် အောင်မြင်မှုအတွက် မိမိတို့အနေဖြင့် ထပ်တူ နှစ်ထောင်း အားရ ဂုဏ်ယူဝမ်းမြောက်ရကြောင်း မြန်မာ့တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက် အဖွဲ့အစည်းပေါင်း ၂၅၅ ဖွဲ့ က လက်မှတ်ရေးထိုး ပေးပို့သည်။

Public Service Announcement

Public Service Announcement

ဘင်္ဂလားဒေ့ရှ် ကျောင်းသားလူငယ်များနှင့် အလုပ်သမား လယ်သမား ပြည်သူ့ အင်အားစုများ၏ တောင်းဆိုမှုအရ ကြားဖြတ် အစိုးရအဖြစ် တာဝန်ယူကြမည့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါက်တာ မုဟမ္မဒ် ယူနွတ်စ် ဦးဆောင်သော အကြံပေး တာဝန်ခံများ အနေဖြင့် ကြီးလေးများမြောင်သည့် တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင် စေကြောင်း ဆန္ဒပြု ဆုမွန်ကောင်းတောင်းသည်။

ဘင်္ဂလားဒေ့ရှ် ကြားဖြတ် အစိုးရအနေဖြင့် မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရနှင့်တကွ မဟာမိတ် တိုင်းရင်းသား လူမျိုးစု တော်လှန်ရေး အင်အားစုများ၏ ဒီမိုကရေစီနှင့် လူအခွင့်အရေး လှုပ်ရှားမှုများကို ပူးပေါင်းပံ့ပိုးကြရန် အထက်ပါ အဖွဲ့အစည်းများက တောင်းဆိုသည်။

ထို့အပြင် မြန်မာပြည်သူများ၏ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် ဟူသမျှ အမြစ်ဖြတ်ရေးနှင့် တန်းတူရည်တူရှိသည့် ဖက်ဒရယ်တိုင်းပြည် တည်ထောင်ရေး တော်လှန်ရုန်းကန်မှုတွင်လည်း ဘင်္ဂလားဒေ့ရှ် ပြည်သူများနှင့် ပေါ်ပေါက်လာမည့် အစိုးရခေါင်းဆောင်တို့အနေဖြင့် မြန်မာပြည်သူများဘက်မှ ပြည့်ပြည့်ဝဝ ရပ်တည် ထောက်ခံမည်ဟု ယုံကြည်မျှော်လင့်ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့အသက်ကို ခြိမ်းခြောက် ခံရမယ် ဆိုရင်တောင်မှ ဘင်္ဂလားဒေ့ရှ်ကို ဒီနှစ်မကုန်ခင် ကျိန်းသေပေါက် ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်သူ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်ဟာ ကျန်းမာရေးကိစ္စ အကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

သတင်း

သမိုင်းတရားခံတွေနဲ့ ခေတ်သစ်အာဏာရှင်တွေကို ဥပဒေအကြောင်းအရ တရားစီရင်ဖို့ဟာ တော်လှန်ပြည်သူတရပ်လုံးရဲ့ သမိုင်းပေးတာဝန်ဖြစ်ပြီး အဲဒီ သမိုင်းပေးတာဝန်ကို အရိုးကြေကြေ အရည်ခမ်းခမ်း၊ ဦးလည်မသုန် ထမ်းရွက်သွားမှာဖြစ်ကြောင်း သစ္စာဓိဌာန် ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု ၊အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ လမ်းညွှန်ချက်တွေလိုက်နာဖို့လိုအပ်သလို သမီးဖြစ်သူကိုကာကွယ်ဖို့ တာဝန်ရှိဟုဆို