Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်မြို့ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

စစ်​ကောင်စီတပ် ဗုံးကြဲ ပြီး မီးရှို့ဖျက်ဆီး ထား​သော ထီးချိုင့်မြို့နယ်မှ ​နေအိမ်များကို ၂၀၂၄ နှစ်ဆန်းပိုင်းတွင် အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-TR

ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ပေါ်ကို စစ်ကောင်စီက ယနေ့ (ဩဂုတ်လ ၂၀ရက်) နံနက်ပိုင်းမှစ၍ ဂျက်ဖိုက်တာဖြင့်ရော Y12 လေယာဉ်ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှသတင်းရရှိသည်။

စံပြနှင့်ကုက္ကိုကုန်းရွာအပါအဝင် ဧရာဝတီမြစ်ကမ်းဘေးနေရာများကို ဗုံးကြဲတိုက်ခိုက်ခြင်းဟု သိရသည်။

Public Service Announcement

Public Service Announcement

ယ​နေ့ (သြဂုတ် ၂၀) နံနက် ၄ နာရီခွဲ မှ ၆နာရီ ၇ မိနစ်အတွင်း ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး သုံးလုံး၊ Y12 လေယာဉ်ဖြင့် အကြိမ်​ရေ ၁၄ ကြိမ်ဗုံး ၆၇ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့်မြို့နယ်ဒေသတွင်း စစ်ရေးသတင်းများဖော်ပြနေသည့် Tigyaing Revolution -TR က သတင်းထုတ်ပြန်ထားသည်။

“စုစုပေါင်း ၁၄ ကြိမ် ဗုန်းချသွား။နီတာ ဘက် ပြည်သူ(၁)ဦး နှင့် နွား(၃)ကောင် အထိအခိုက် ရှိပါကြောင်း နှင့်နဝရတ်၊စံပြ ၊ကုက္ကိုကုန်းနှင့် မြတောင်ဘက်ကမ်းများ ချသွားကြောင်း သိရ”ဟု TR က​ဖော်ပြထားသည်။

ယခုအခါ မြို့ပေါ်မှ ဒေသခံများသည် အနီးဝန်းကျင်ကျေးရွာများနှင့် မြို့အချို့၌ တိမ်းရှောင်နေသည်။ စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့ မြသိန်းတန်တောင်ပေါ် စခန်း၊ ထီးချိူင့်တံတားနှင့် မြတောင်လမ်းဆုံ၌ ဘန်ကာအခိုင်အမာတည်ဆောက်၍ တပ်စွဲထားကြောင်း သတင်းရရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF )က ထီးချိုင့်မြို့၊ မောင်းကုန်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စွဲထားသည့် တကောင်းနီကယ်စက်ရုံကိုသိမ်းပိုက်ထိန်းချုပ်ခဲ့သည်။မောင်းကုန်းကျေးရွာသည် စစ်ကောင်စီကင်းစင်နယ် မြေဖြစ်ပြီဟုအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကဩဂုတ်လ ၂ ရက်တွင်ထုတ်ပြန်ခဲ့သည်။

ထီးချိုင့်မြို့မှ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်( KIA) ၊အာရက္ခ‌တပ်တော်(AA)၊ PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက၂၀၂၃ နိုဝင်ဘာ ၈ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစခန်းအများအပြားကိုသိမ်းပိုက်နိုင်ခဲ့သည်။သို့​သော်စစ်ကောင်စီတပ်က မြို့ကိုလေကြောင်းမှအပြင်းအထန်တိုက်ခိုက်ပြီး စစ်ကူများထပ်မံ​ပို့

၍ ​တော်လှန်​ရေးတပ်များပြန်လည်ဆုတ်ခွာပေးခဲ့ရသည်။ထို​နောက်စစ်​ကောင်စီတပ်က ထီးချိုင့်မြို့​ပေါ်ရှိ ​နေအိမ်ရာ​ပေါင်းများစွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အထူးတိုင်းစစ်ဌာန တပ်ဖွဲ့တည်ရှိရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့တဲ့ အခြေအနေမှာ လုပ်ဆောင်ရမယ့်အရာတွေ ဆက်လက်လုပ်ဆောင်ဖို့၊ ခွန်အားရှိကြောင်းပြသဖို့လိုအပ်ကြောင်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

နိုင်ငံတကာ

နိုင်ငံပိုင်နက်ထဲကို ကျူးကျော်ပြီး ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း အာဖဂန် နစ္စတန်ကို အုပ်ချုပ်နေတဲ့ တာလီဘန်တွေက ပြောပါတယ်။

Facebook