Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်ဈေးဝယ်စင်တာများတွင် စားသုံးဆီအရောင်းပြတ်နေ

ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများတွင် ပဲဆီအပါအဝင် စားသုံးဆီများ အရောင်းပြတ်နေကြောင်း စျေးဝယ်သူများက ပြောသည်။

ရောင်နီ/People’s Spring

ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများတွင် ပဲဆီအပါအဝင် စားသုံးဆီများ အရောင်းပြတ်နေကြောင်း စျေးဝယ်သူများက ပြောသည်။

“ဆီတွေကပြတ်နေတာပါ “ဟု စီးတီးမတ်မှ အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/2859556907534905

စီးတီးမတ်များအပါအဝင် ဂမုန်းပွင့် ၊ စိန်ဂေဟာစသည့် ဈေးဝယ်စင်ဝာာများတွင်လည်း ရောင်းချရန် ဆီမရှိသည်ကို တွေ့ရသည်။

“ဆီကရောက်ရင်လည်း ချက်ချင်းကုန်တယ်။ ဒါတောင်တစ်ယောက်ကို နှစ်ဘူးနှုန်းနဲ့ရောင်းပေးတာ”ဟု သမိုင်းစီးတီးမတ်မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

လက်ရှိတွင် ဈေးဝယ်စင်တာများသာမက ရပ်ကွက်များအတွင်းရှိ ဈေးဆိုင်များတွင်လည်း အမေထွား ၊ ရန်ကုန်စသည့် ပဲဆီသန့်များဝယ်ယူ၍ မရကြောင်း ကမာရွတ်မြို့နယ်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

ထို့အပြင် ဈေးနှုန်းအနေဖြင့်လည်း ဆီအမျိုးအစားအလိုက် တစ်ပိဿာလျှင် ကျပ်ငါးထောင်မှ ရှစ်ထောင်ခန့်အထိ မြင့်တတ်သွားကြောင်း ၎င်းက ဆိုသည်။

‌ဒေါ်လာဈေးစံချိန်တင်မြင့်တတ်ပြီးနောက်တွင် ဈေးကွက်အတွင်း၌ ဆီအပါအဝင် အစားအသောက်အသုံးအဆောင်များလည်း ဈေးနှုန်းများ မြင့်တတ်လာပြီး ဈေးဝယ်စင်တာများ၌ ခေါက်ဆွဲခြောက်ကဲ့သို့ အခြောက်အခြမ်းများလည်း ရောင်းအားကောင်းသည်ကိုလည်း တွေ့ရသည်။

” အခုက အပြင်မှာထက် စီးတီးမတ်တွေက ပို‌တောင်သက်သာချင်တယ်။ မျက်လုံးဆို ရပ်ကွက်ထဲမှာ တစ်ထောင်ဝယ်နေရပြီ။ စီးတီးမတ်မှာက ၇၀၀ ပဲရှိတယ် “ဟု အိမ်ရှင်မတစ်ဦးကပြောသည်။

ဈေးဝယ်စင်တာများတွင်လည်း ကုန်ပစ္စည်းဈေးနှုန်းများသည် ကျပ်ငွေတန်ဖိုးအတတ်အကျအပေါ် မူတည်၍ ပြောင်းလဲနေပြီး အချို့စင်တာများတွင် ပစ္စည်းတစ်မျိုး နှစ်ခုသာဝယ်ယူရန် သတိပေးစာများကပ်ထားသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။