Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့ပေါ်ပစ်ခတ်မှု ပြည်သူအချို့သေဆုံး

စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် ပြည်သူအချို့ထိခိုက်၍ စိတ်မကောင်းဖြစ်ရဟု မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်း ဆို

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ‌ခြောက်ဦးနှင့် သံဃာများအပါအဝင် ပြည်သူ ငါးဦးသေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

ယနေ့ (သြဂုတ် ၂၀ရက်)နံနက် ၉နာရီခန့်က ရေစကြိုမြို့ အထက (၁)ကျောင်းအနီး၌ ကင်းစောင့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း မြင်းခြံခရိုင်အမှတ် (၉)တပ်ရင်း Myingyan Black Tiger (MBT)၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

“မိနစ်နှစ်ဆယ်ဝန်းကျင်လောက် ကြာခဲ့ပါတယ်။ ဘယ်လောက်မှ မကွာဘူး။ အနီးကပ်တိုက်ခိုက်ခဲ့တာပါ။”ဟု ဗိုလ်မိုက်ခဲက ပြောသည်။

Public Service Announcement

Public Service Announcement

လမ်းမပေါ်ရှိ စစ်ကောင်စီ၏ လက်နက်များအား ကောက်ယူရန် ကြိုးပမ်းစဥ် စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်မှုများကြောင့် လက်နက်ကောက်ယူနိုင်ခြင်းမရှိကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဆိုသည်။

ထို့အပြင် ပစ်ခတ်မှုအတွင်း သံဃာတော်တစ်ပါး၊ ကိုရင်တစ်ပါး၊ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ကြောင်း ရေစကြိုဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန် ပြည်သူများပါ ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ပြီး မည်သည့်ဘက်က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

သို့သော် Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် (၉)တပ်ရင်းကမူ စစ်ကောင်စီ၏ လက်နက်ကြီး၊ငယ်များပစ်ခတ်မှုကြောင့် ပြည်သူအချို့ ထိခိုက်၍ စိတ်မကောင်းဖြစ်ရကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် (၉)တပ်ရင်း၊ Southern YSO PDF၊People’s Security Force-Yesagyo၊TPGမြို့ပြပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အလားတူ သြဂုတ် ၁၉ ရက်ကလည်း ပခုက္ကူနည်းပညာတက္ကသိုလ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား ၆၀မမ၊၈ဝမမ၊ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ကင်းဘန်ကာနှင့် အဆောက်အဦးရှေ့ တိုက်ရိုက်ထိမှန်ပေါက်ကွဲခဲ့ပြီး ရဲ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း Southern YSO PDFတာဝန်ခံ ကို အောင်မောင်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။