Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအတွင်း မြို့ပေါ်တိုက်ပွဲအပြင် အခြားနေရာ‌‌ခြောက်ခုတွင်တိုက်ပွဲဖြစ်

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအတွင် နွားထိုးကြီးမြို့ပေါ်တိုက်ပွဲနှင့် တောင်သာမြို့နယ်တိုက်ပွဲများအပြင် အခြားနေရာ‌‌ခြောက်ခုတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် ၉ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger(MBT)တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

စစ်ဆင်ရေးများတွင် MBTတပ်ဖွဲ့နှင့်မဟာမိတ်ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-File Video

ဇေအောင်/People’s Spring

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအတွင် နွားထိုးကြီးမြို့ပေါ်တိုက်ပွဲနှင့် တောင်သာမြို့နယ်တိုက်ပွဲများအပြင် အခြားနေရာ‌‌ခြောက်ခုတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအရာရှိတစ်ဦးအပါအဝင် ၉ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger(MBT)တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

MDSO)တွင် နွားထိုးကြီးမြို့ပေါ်တိုက်ပွဲနှင့် တောင်သာမြို့နယ်တိုက်ပွဲများအပြင် သီးခြားပြုလုပ်သည့် အခြားစစ်ဆင်ရေး ၆ ခုအား Myingyan Black Tiger (MBT)တပ်ဖွဲ့က ထုတ်ပြန်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

သြဂုတ် ၁၀ရက်မှ ၂၁ရက်အထိ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအတွင်း မြင်းခြံမြို့ ခမရ- ၁၅ တပ်ရင်း အပါအဝင် လေးရွာဆုံပျူစောထီးစခန်း၊​သစ်ပင်ရှည်ကျေးရွာအနီး တိုက်ပွဲ၊ပျော်ဘွယ် စံပြကျေးရွာအနီး တိုက်ပွဲ၊ရွာကြီးကျေးရွာအနီးတိုက်ပွဲနှင့် နွားထိုးကြီးမြို့နယ်ရှိ မာန်လည်ကျေးရွာအနီးနေရာများ၌ စစ်ကောင်စီတပ်၏ အထိုင်စခန်းများနှင့် စစ်ကြောင်းများအား ညီနောင်မဟာမိတ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းနှင့် ကြားဖြတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဗိုလ်မိုက်ခဲက ပြောသည်။

စစ်ဆင်ရေးများအတွင်း စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် ၉ဦးသေဆုံးခဲ့ပြီး ၈ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်မိုက်ခဲက ပြောသည်။

“ပျော်ဘွယ်စံပြဘက်မှာ စစ်ကြောင်းထိုးတုန်းက ခုခံပြီးတော့ တိုက်ခိုက်တာပါ။ သုံးပွင့်ဗိုလ်တစ်ယောက်သေသွားတာပါ”ဟု ဗိုလ်မိုက်ခဲက ပြောသည်။

သို့သော် ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ဆင်ရေးများတွင် MBTတပ်ဖွဲ့နှင့်မဟာမိတ်ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-File Video

ထို့အပြင် မဟာမိတ်တပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။ အဆိုပါ စစ်ဆင်ရေးများအား Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် (၉)တပ်ရင်းနှင့်အတူ မြင်းခြံခရိုင်တပ်ရင်း (၁၊၂၊၃၊၄၊၈)၊မြင်းခြံခရိုင် Dromeတပ်ရင်းနှင့် အခြား LPDFများ၊ပကဖများ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၁ဝရက်က စတင်ခဲ့သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး(MDSO)အဖြစ် နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့များတွင် စစ်ဆင်ရေးများပြုလုပ်ခဲ့ရာ နွားထိုးကြီးမြို့ပေါ်တိုက်ပွဲ၌ စစ်ကောင်စီတပ်စခန်း လေးခုကိုအပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။ သြဂုတ် ၂၀ ရက်ကလည်း တံတားဦးမြို့နယ်ရှိ စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့သည်။

ထို့အပြင် တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းတိုက်ခိုက်မှု၌ စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

စစ်ဆင်ရေးကာလအတွင်း မြင်းခြံ – နွားထိုးကြီးလမ်းပိုင်း နှင့် မြင်းခြံ -တောင်သာလမ်းပိုင်းများအား လတ်တလော ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် ပြည်သူများအား ဒေသကာ​ကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော