Connect with us

Hi, what are you looking for?

သတင်း

ကျောက်နီမှော်တပ်စခန်းအနီးမှ ပျူစောထီးစုရပ်ကို တော်လှန်ရေးတပ်များ ဝင်စီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမှော်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအနီးမှ ပျူစောထီးအဖွဲ့စုရပ်နေရာကို တော်လှန်ရေးပူးပေါင်းအဖွဲ့များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လောင်းလုံး PDF တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။ဓာတ်ပုံ-ပေးပို့

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမှော်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအနီးမှ ပျူစောထီးအဖွဲ့စုရပ်နေရာကို တော်လှန်ရေးပူးပေါင်းအဖွဲ့များနှင့်အတူ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သြဂုတ်၂၂ ရက်နံနက် ၁၀ နာရီခန့်က ကျောက်နီမှော်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့စုရာနေရာကို စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်ချိန် နာရီဝက်ခန့်ကြာမြင့်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“ပျူစောထီးအဖွဲ့ကို ၀င်ဝိုင်းတာဗျ။ ထွက်ပြေးလွတ်မြောက်သွားတယ်။ အဝေးတနေရာကနေ ပြန်လည်တိုက်ခိုက်တယ်။ လက်နက်ကြီးတွေနဲ့လည်း ပြန်လည်ပစ်ခတ်တယ်”ဟု လောင်းလုံး PDFမှ တာဝန်ရှိသူက ပြောသည်။

စုရပ်မှထွက်ပြေးသွားသော ပျူစောထီးများမှ ပြန်လည်ပစ်ခတ်သည့်အပြင် ပျူစုရပ်နေရာအနီး စစ်တပ်အထိုင်စခန်းကလည်း လက်နက်ကြီးပူကူပေးခဲ့ရာ ပစ်ခတ်မှုအတွင်း ပျူစောထီးကြယ်ဖြူဆိုသူ၏ဇနီးဖြစ်သူ ကျည်ထိမှန်သေဆုံးသွားကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပစ်ခတ်နေသည့်ကြားမှ တော်လှန်ရေးတပ်ဖွဲ့များ ပြန်ဆုတ်ချိန်တွင် အထက်ပါ ပျူစောထီးများစုရပ်နေရာရှိ အဆောက်အအုံကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း လောင်းလုံး PDFထံမှ သိရသည်။

သြဂုတ် ၁၅ ရက်ကလည်း လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်းကို တော်လှန် ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။ ထို့နောက် စစ်ကောင်စီတပ်ဘက်မှ အင်အားဖြည့်တင်းကာ မောင်းမကန်အပါအဝင် ကျေးရွာအချို့သို့ စစ်ကြောင်းထိုးလျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေက ပစ္စည်းပို့သမား (Delivery)တစ်ဦးဆီကနေ ငွေနဲ့ဖုန်းတွေ ခြိမ်းခြောက်လုယူသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။