Connect with us

Hi, what are you looking for?

သတင်း

ကြားအင်းဆိပ်ကြီးအခြေစိုက် စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး လက်နက်နှင့်အတူ KNUထံပူးပေါင်းလာ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)တပ်မဟာ (၆)တပ်ရင်း (၁၇)ထံသို့ ခလရ-၃၂ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

ခလရ-၃၂တပ်ရင်းမှ တပ်သားတစ်ဦး ယူဆောင်လာသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)တပ်မဟာ (၆)တပ်ရင်း (၁၇)ထံသို့ ခလရ-၃၂ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

သြဂုတ်လ ၁၉ ရက်တွင် ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ် ခလရ-၃၂ တပ်ရင်းမှ အသက် (၂၁)နှစ် အရွယ်ရှိ တပ်သား ဇင်မင်းအောင်က လက်နက်၊ ကျည်နှင့် စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ ပူးပေါင်းလာခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

MA-1 ၂လက်၊ ကျည်ဘောက် (၈) ခု၊ ကျည် ၂၀၀ ကျော်၊ အီနာဂါ (၁)လုံး နှင့် အီကွေးမင့် (၁) စုံ တို့ ယူဆောင်လာသည့် အဆိုပါတပ်သားကို ငွေကြေးထောက်ပံ့ပေးခဲ့ကြောင်း အသိပေးထားပြီး ထောက်ပံ့မှု ပမာဏကို ဖော်ပြမထားပေ။

ထို့ပြင် တပ်သား ဇင်မင်းအောင်အား ၎င်း၏ ဘဝရှေ့ရေးအတွက် ကူညီဆောင်ရွက်စီစဥ် ပေးခဲ့ကြောင်းလည်း KNUက ထုတ်ပြန်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်များကို KNLA နှင့် ပူးပေါင်းတပ်များက မကြာခဏ တိုက်ခိုက်မှုများ၊ စခန်သိမ်းတိုက်ပွဲများ ဆင်နွှဲလေ့ရှိခဲ့ပြီး ယခုရက်ပိုင်းများတွင်လည်း အဆိုပါဒေသ၌ တိုက်ပွဲဖြစ်ပွားမှု ရှိနေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook