Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့နယ်ရှိ စစ်ရှောင်များရှိနေသည့်ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ရှောင်များရှိနေသည့် နဂါးတွင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူနှစ်ဦး ဒဏ်ရာရပြီး နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသော စစ်ရှောင်ပြည်သူအချို့အား တွေ့ရစဥ်။ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ရှောင်များရှိနေသည့် နဂါးတွင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ပြည်သူနှစ်ဦး ဒဏ်ရာရပြီး နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သြဂုတ် ၂၂ရက် ည ၁၀ နာရီခွဲခန့်က ဒီပဲယင်းမြို့နယ်၊ နဂါးတွင်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းမှတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“အမျိုးသမီး တစ်ဦး အမျိုးသား တစ်ဦး ​ခြေထောက်ထိတယ် ပြောတယ်။ မစိုးရိမ်ရဘူးလို့သိရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် နေအိမ် ၅လုံးခန့်နှင့် စာသင်ကျောင်းအုတ်တံတိုင်းလည်း ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဒီပဲယင်းကနေ (၅)မိုင်လောက်ဝေးတဲ့ရွာကို အသားလွတ်ဝင်ပစ်သွားတာ။ ခွေးက ဒီပဲယင်းထဲမှာပဲ ရှိတာ။ အဲ့မှာ(နဂါးတွင်းရွာ)ရှိတာက ပြည်သူနဲ့ စစ်ရှောင်လောက်ပဲရှိတာ။ တိုက်ပွဲလည်းမရှိပဲနဲ့ပစ်သွားတာ”ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သြဂုတ် ၁၅ ရက်ကစတင်ခဲ့သည့် ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကြောင့် မြို့ခံများအပါအဝင် မြို့နယ်ရှိ ကျေးရွာ ၁၀ရွာခန့်မှ ပြ​ည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရပြီး ရိက္ခာများအခက်အခဲရှိနေကြောင်း S&C မီး​​​ဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့၏ တာဝန်ခံ ကိုစိုးမိုးအောင်က ပြောသည်။

ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ၃ ရက်ကြာ တိုက်ခိုက်ပြီးနောက် သြဂုတ် ၁၈ရက်နံနက်ပိုင်းတွင် မြို့သိမ်းနိုင်ခဲ့သည်။ သို့သော် လေကြောင်းပစ်ကူများနှင့် စစ်တပ်က အင်အားတိုးစစ်ကြောင်းထိုးမှုကြောင့် PDFရဲဘော်များ ဒီပဲယင်းမြို့တွင်းမှ ယာယီဆုတ်ခွာပေးထားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။