Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းစစ်ကြောင်း(၁)က အသိပေးထုတ်ပြန်သည်။

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - မြိတ်ခရိုင်စစ်ကြောင်း(၁)

ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းစစ်ကြောင်း(၁)က အသိပေးထုတ်ပြန်သည်။

ဩဂုတ်လ ၂၂ ရက် နေ့လယ် ၁၂ နာရီခွဲက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

K-8W Jet Fighter အမျိုးအစားစစ်သုံးလေယာဥ်ကိုအသုံးပြု၍ တနင်္သာရီမြို့နယ် ဆင်ခေါင်းကျေးရွာရှိ ဘုရားတောင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အလားတူ ယင်းနေ့(သြဂုတ် ၂၂ ရက်) ညနေ ၃နာရီခွဲခန့်တွင်လည်း ဘန်လောကျေးရွာရှိ စာသင်ကျောင်းကို တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ် ကြောင်း(၁)နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“တစ်ရွာကို ဗုံးသီးငါးလုံး လာကြဲသွားတယ်။ နှစ်ရွာပေါင်း ၁၀ လုံးထက်မနည်းဘူး။ အ ဆောက်အအုံနှစ်လုံး ပျက်စီးတယ်”ဟု ၎င်းက ပြောသည်။

အထက်ပါ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူမရှိသော်လည်း ပြည်သူများနေထိုင်ရာ နေအိမ်တစ်ချို့ပျက်စီးခဲ့ကြောင်း စစ်ကြောင်း(၁)က အသိပေးသည်။

စစ်ကောင်စီ၏ ယခုလေကြောင်းမှ တိုက်ခိုက်မှုသည် ဆင်ခေါင်း၊ ဘန်လောစသည့်ကျေးရွာများကိုဖြတ်သန်း၍ သိန္ဓောရွာအခြေစိုက် စစ်တပ်အထိုင်စခန်းသို့ ရိက္ခာပို့ရန် လမ်းကြောင်းရှင်းလို၍ ဖြစ်နိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက မှတ်ချက်ပေးသည်။

ယခုရက်ပိုင်းတွင် စစ်ကောင်စီက ပြည်သူများနေထိုင်ရာ ကျေရွာများ၊စာသင်ကျောင်းများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦးများကို ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများဆက်တိုက်လုပ်ဆောင်လျှက်ရှိရာ ကျေးရွာနေပြည်သူများ အထူးသတိပြုကြပါရန်တော် လှန်ရေးအင်အားစုများက အသိပေး ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook