Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီကနေ့ (သြဂုတ် ၂၃) အသီးသီး ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီကနေ့ (သြဂုတ် ၂၃) အသီးသီး ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာ အောင်လံလွှင့်မည်ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းနဲ့ ယင်းမာပင်၊ဆားလင်းကြီးရွာပေါင်းစုံသပိတ်တို့ ပူးပေါင်းကာ အာဏာသိမ်းစစ်တပ်၊ အကြမ်းဖက်စစ်တပ်အလိုမရှိကြောင်း၊ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်မှာလည်း အားမာန်သစ်လူထုသပိတ်စစ်ကြောင်းက “China:Stop Killing Myanmar People by Supporting Fascist Criminals” စာတန်းကိုင်ကာ ဆန္ဒပြခဲ့ပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်အတွင်းမှာလည်း သပိတ်အင်အားစုက တော်လှန်ဇာတ်ကားတွေ ပြသပြီး တောင်ကိုးရီးယားနိုင်ငံမှ ဒယ်ဂူးဘုန်းဘုန်း၊ ကိုပေါက်၊ မပိုင်ဖြိုးသု၊ ရှိခဲ့သည် ဇာတ်ကားမှ ဒါရိုက်တောင် ကိုဂိဒေါင် တို့က အညာပြည်သူလူထုနဲ့ တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)၊ လူထုစည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီကနေ ဦးဆောင်ပြီး ကျေးလက်အခြေပြု လူထုစည်းရုံးရေး တော်လှန်ရုပ်ရှင်ပြသတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုကို လောင်းလုံးမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်တပ်ရဲ့ အခြေခံစီးပွားရေးအရင်းအမြစ်နဲ့ ထောက်တိုင်တွေကို ဖြိုချနိုင်ရေး စည်းရုံးဟောပြောတာအပါအဝင် တော်လှန်ရေးရုပ်ရှင်ပြသတဲ့ အစီအစဉ်တွေနဲ့ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ – အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ DDMSC၊ မြိုင်လူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

မကွေးမြို့ကနေထွက်လာတဲ့ စစ်တပ်ရဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးဟာ ချင်းတောင်အစပ် ဆောမြို့နယ်၊လောင်းရှည်မြို့ကို ဦးတည်လာနေပြီး ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းတပ်စခန်းက အင်အားတွေ ပါ၀င်တယ်လို့ မကွေးတိုင်းပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။