Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော် – ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီး၌ တိုက်ပွဲဖြစ်

ကရင်နီပြည်နယ်၊ လွိုင်ကော် – ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီး၌ တိုက်ပွဲဖြစ်ပွားနေပြီး ဒီးမော့ဆိုမြို့နယ်သို့ စစ်ကောင်စီက ဝင်ရောက်ရန်ကြိုးပမ်းနေကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော KNDFရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF/B-15

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ လွိုင်ကော် – ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီး၌ တိုက်ပွဲဖြစ်ပွားနေပြီး ဒီးမော့ဆိုမြို့နယ်သို့ စစ်ကောင်စီက ဝင်ရောက်ရန်ကြိုးပမ်းနေကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

လွိုင်ကော်မြို့တောင်ဘက်ရှိ မိုင်းလုံး၊ ရွာတန်းရှည်ရပ်ကွက်၊ ဒေါပို့စီနှင့် စံပြ(၆)မိုင် ကျေးရွာကို ယမန်နေ့(သြဂုတ် ၂၃ရက်)တွင် စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

“စံပြ (၆)မိုင်ကို ၁၈ ရက်နေ့ကတည်းက လက်နက်ကြီးနဲ့ စကစက ကြိုရှင်းတယ်။နေ့တိုင်းနီးပါး ပစ်တာ။မနေ့ကတော့ စံပြ(၆)မိုင်မှာ နှစ်ဖက်တိုက်ပွဲ တနေကုန်နီးပါး ဖြစ်တယ်။နှစ်ဖက်ထိခိုက်မှုတော့ ရှိတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဒီးမော့ဆိုမြို့နယ်သို့ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ရန်ကြိုးပမ်းနေပြီး မြေပြင်အချက်အလက်နှင့် ထိတွေ့မှုကို ထုတ်ဖော်ပြောဆို၍ မရသေးကြောင်း ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတ​ပ်မှ တာဝန်ရှိသူက ဆိုသည်။

“တိုက်ပွဲကတော့ ဖြစ်နေတုန်းဆိုတော့ စစ်ရေးအသေးစိတ်ကတော့ ပြောလို့ မရသေးတဲ့ အခြေအနေဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ကရင်နီဒေသတွင်းတိုက်ပွဲအများစုတွင် ပါဝင်သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော်(KNDF)ကလည်း လွိုင်ကော် – ဒီးမော့ဆိုလမ်းပိုင်းတိုက်ပွဲနှင့်ပတ်သက်၍ မှတ်ချက် မပေးသေးပေ။

လွိုင်ကော် – ဒီးမော့ဆို ပြည်ထောင်စုလမ်းမကြီးနှင့် ဆက်စပ်သည့်လမ်းပိုင်းများကို အသုံးမပြုရန် KNDFက ယခုသြဂုတ်လဆန်းပိုင်းတွင် ထုတ်ပြန်ထားသည်။

“လွိုင်ကော်က စကစတပ် နဲ့ ဒီးမော့ဆို အခြေစိုက်စကစတပ်တွေ မြေပြင် ချိတ်နိုင်ဖို့ လုပ်နေတာလို့ ပြောလို့ရတယ်။အဲဒီလမ်းကြောင်းကို တော်လှန်ရေးတပ်တွေက ဖြတ်တောက်နေတယ်။စကစ ဘက်ကတော့ လွိုင်ကော်က တပ်ရင်းနှစ်ခုစာလောက်သုံးပြီး တိုးနေတယ်”ဟု ကရင်နီ ပူးပေါင်းတပ်မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောထားသည်။

ဒီးမော့ဆိုမြို့နယ် အခြေစိုက်စစ်ကောင်စီ၏ အမှတ်(၄၂၇)တပ်ဖက်မှ စစ်ကြောင်းတစ်ခုမှာ ဒီးမော့ဆို – (၆)မိုင်လမ်းမကြီးပေါ်ရှိ ဒေါခလိုက်လင်းကျေးရွာဖက်သို့ ဇူလိုင် ၂၂ ရက်တွင် ရောက်ရှိလာခဲ့၍ တန်ပြန်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲငယ်များဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဒီးမော့ဆိုမြို့ နယ်တွင် စစ်ကောင်စီ၏ ခမရ (၄၂၇)နှင့် ခလရ(၁၀၂)တပ်တို့ အခြေစိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။