Connect with us

Hi, what are you looking for?

သတင်း

လိုင်ဇာနှင့် မိုင်ဂျာယန် နယ်စပ်ဂိတ်များ ပုံမှန်အတိုင်း မပိတ်ဟု KIA ပြော

တရုတ်ဘက်က စစ်ရေးလေ့ကျင့်မည့် သတင်းများကြားရသော်လည်း လှုပ်ရှားမှုမရှိသေးဟုဆို

တရုတ်- မြန်မာ လွယ်ဂျယ်-လိုင်းရင်းနယ်စပ်ဂိတ် ။ ဓာတ်ပုံ - Chinese Embassy in Myanmar

ဟန်နွေ/People’s Spring

မြန်မာ – တရုတ်နယ်စပ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေရှိ လိုင်ဇာနှင့် မိုင်ဂျာယန် နယ်စပ်ဂိတ်များ ပုံမှန်အတိုင်း အပြောင်းအလဲမရှိဟု KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မြန်မာ – တရုတ်နယ်စပ်တိုင်းရင်းသားလက်နက်ကိုင်တပ်များ ထိန်းချုပ်ရာဒေသရှိ နယ်စပ်ဂိတ်များ တရုတ်ဘက်က ပိတ်ပင်မှုရှိနေသည့် သတင်းများနှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် ယခုကဲ့သို့ အသိပေးခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“လောလောဆယ်ကတော့ ဘာမှ ထူးခြားမှုမရှိဘူး။ မိုင်ဂျာယန်တို့ လိုင်ဇာတို့မှာ ဘာမှ အပြောင်းအလဲတွေက မရှိဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထို့အပြင် မြန်မာ – တရုတ်နယ်စပ်အနီးတွင် တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဟု တရုတ်စစ်တပ်ဘက်က အသိပေးထားသည့် အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရာတွင်လည်း လှုပ်ရှားမှုများ မတွေ့ရသေးဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“အဲဒါကလည်း ပြောတော့ ပြောတယ်။ ဘာမှ လှုပ်ရှားမှုတော့ မတွေ့ဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မြန်မာနိုင်ငံ မူဆယ်မြို့မှ ပန်ဝါမြို့အထိ တရုတ် ဖက်ခြမ်း၌ ယနေ့မှစ၍ စစ်ရေးလေ့ကျင့်မှု စတင်နေသည့် သတင်းများ ရှိနေသည်။

နယ်စပ်ဒေသများဖြစ်သည့် ရှမ်းမြောက်၊ ကချင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတဝန်း စစ်ကောင်စီ တပ်များအား တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်က စစ်ရေးအရ အထိနာလျက်ရှိသည့် အခြေအနေတွင် တရုတ် စစ်တပ်ဘက်က နယ်စပ်လုံခြုံရေးနှင့် တည်ငြိမ်ရေးအကြောင်းပြ စစ်ရေးလေ့ကျင့်ရန် စီစဉ်ခြင်းလည်းဖြစ်သည်။

KIA အနေဖြင့် ပြီးခဲ့သည့် ဩဂုတ် ၁၉ရက်ကပင် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုင်းမောက်အခြေစိုက် စစ်ကောင်စီ တပ်ရင်း ခမရ(၄၃၇)ကို သိမ်းပိုက်နိုင်ခဲ့သည်။

“ဗန်းမော်နဲ့ မိုးမောက်ကြားမှာကတော့ စစ်ကောင်စီဘက်ကထိုးလို့ တိုက်ပွဲတွေရှိတယ်။ ဒါပေမဲ့အခုတော့ အသံတွေမကြားတော့ဘူး။ သုံးလေးရက် အရင်မှာကတော့ တိုက်ပွဲရှိတယ်။ အခုလောလောဆယ်ကတော့ အဲဒီဘက်လည်း အသံတော့မကြားဘူး။ ကျနော်တို့ ခုခံပြီးမှ သူတို့ပြန်ဆုတ်လိုက် ပြန်ထိုးလိုက်ပေါ့။အားလုံးငြိမ်သွားတော့ မဟုတ်လောက်ပါဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက လက်ရှိ စစ်ရေးအခြေအနေကို ပြောပြသည်။

KIA အနေဖြင့် အဆိုပါတပ်ရင်းဌာနချုပ် အပါအဝင် ယခုနှစ်အတွင်း စစ်ကောင်စီတပ် စခန်းကြီး၊ငယ် ၂၀၀ကျော် သိမ်းပိုက်ရရှိထားသည်။

ထိုသို့သိမ်းပိုက်ရာတွင် လွယ်ဂျယ်အပါအဝင် နယ်စပ်ဂိတ်အချို့ကို တိုက်ခိုက်ခြင်းမပြုရန် တရုတ်ဘက်ကဖိအားပေးမှု ရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျွန်းလှနဲ့ ခင်ဦးမှာလည်း မွေ့နေ့အမှတ်တရ သစ်ပင်တွေ စိုက်ပျိုး

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။