Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီကနေ့ (သြဂုတ် ၂၆)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီကနေ့ (သြဂုတ် ၂၆)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်နဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်းက​ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာလည်း စကြဝတေးမင်းကြီးသပိတ်အဖွဲ့ဝင်တွေက စစ်အာဏရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် “နိုင်ငံရေးစနစ်မကောင်းရင်ကိုယ်လုပ်လည်း ကိုယ်လုပ်သလောက်မခံစားရဘူးဆိုတာလက်တွေ့ကြုံနေရပြီ” စာတန်း (ဗီနိုင်း) အား ကိုင်ဆောင်ကာဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဓာတ်ပုံ – စကြဝတေးမင်းကြီးသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်

ဆက်စပ်သတင်းများ

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။

ဆောင်းပါး

အိမ်ထောင်စုလေးစု စုပေါင်း နေ ရတဲ့ ၁၅ ပေ ပတ်လည်အခန်းလေးထဲ ငိုသံတချို့ကျယ်ကျယ်လောင်လောင်ထွက်‌လို့နေပါတယ်။

သတင်း

ရေဘေးကယ်ဆယ်ရေး စစ်ကောင်စီ စနစ်တကျမစီမံနိုင်လို့ အန္တရာယ်ပိုကြီးလာ

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေက စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။