Connect with us

Hi, what are you looking for?

သတင်း

တောင်ငူလေတပ်စခန်းကို ကာမီကာဇေအသေခံဒရုန်း ၊ ​ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်

စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်း ဌာနချုပ် ကို ရှော့တိုက်ဒုန်း ၊ ကာမီကာဇေ အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ၅ ဦးထက်မနည်းသေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။

ကာမီကာဇေ အသေခံဒရုန်းကို လွှတ်တင်ရန်ပြင်ဆင်​နေကြ​​သော PDFများနှင့် ​​တောင်ငူ​လေတပ်ကိုတိုက်ခိုက်ရန် ပျံသန်း​နေ​သော အသံခံဒရုန်းများ ။ ဓါတ်ပုံ-ရှာထူး​ဝေါ၊ POA

သတိုး၊မိထက် /People’s Spring

စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်း ဌာနချုပ် ကို ရှော့တိုက်ဒုန်း ၊ ကာမီကာဇေ အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ၅ ဦးထက်မနည်းသေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။

အဆိုပါစစ်ဆင်ရေးကို ဩဂုတ် ၂၆ရက် နံနက် ၃နာရီခွဲတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကနဦးသတင်းများအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရရှိသူများရှိကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/415489304390053

“လေတပ်ဘက်ကနေ ပေါက်ကွဲသံတွေကြားရတယ်။ ပစ်သံတွေပါ ကြားလိုက်သလိုပါပဲ။ လေတပ်ထဲဖြစ်တာဆိုတော့ အပြင်ဘက် သိပ်တော့ ထူးခြားတာမရှိဘူး” ဟု တောင်ငူမြို့ခံတစ်ဦးကပြောသည်။

ယင်းစစ်ဆင်ရေးကို Rain of Fire ဟုအမည်ပေးထားပြီး တောင်ပိုင်းစစ်ဒေသ JOC၏ ညွှန်ကြားမှု၊ အမှတ်(၂ ) စစ်ဒေသခွဲကွပ်ကဲမှုဖြင့် စစ်ဒေသခွဲ လက်နက်ကြီးတပ်ဖွဲ့၊ ရှားထူး‌ဝေါ် နည်းပညာအဖွဲ့၊ KLOUD Drone Team၊ တပ်မဟာ၂ KNLA တပ်ရင်း(၅) ၊တပ်မဟာ (၂)အထူးတပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ငူခရိုင် အမှတ်၂တပ်ရင်း (၃၅၀၂)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

“ဒီကနေ့ညနေ ၃နာရီခွဲမှာ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၊ Kloud Drone Team ဟာ မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ တောင်ငူလေတပ်စခန်းဌာနချုပ်ကို Rain Of Fire စစ်ဆင်ရေးအဖြစ် ကာမီကာဇေဒရုန်းများနဲ့ တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ပစ်မှတ်ကို ထိရောက်ခဲ့ပြီး အထိအခိုက်အပျက်အစီး အတိအကျကို စုံစမ်းနေဆဲဖြစ်ပါတယ်”ဟု ရှာထူး​ဝေါ် နည်းပညာတပ်ဖွဲ့ကလည်းထုတ်ပြန်ထားသည်။

ရုပ်သံမှတ်တမ်းကိုလည်း ထုတ်ပြန်ရာ ကာမီကာ​ဇေအ​သေခံဒရုန်းအနည်းဆုံး ၆ စင်းလွှတ်၍ တိုက်ခိုက်ခဲ့သည်ကို ရုပ်သံတွင်​တွေ့ရသည်။

ကာမီကာ​ဇေ အ​သေခံဒရုန်း ၃၅ စင်းဖြင့် NUG လက်​အောက်ခံ PDF များက ပြီးခဲ့သည့် ဧပြီလ ၄ ရက်တွင် ​နေပြည်​တော် ရှိ စစ်​ထောက်ချုပ်ရုံး ၊​လေတပ် နှင့် အာဏာသိမ်း​​ခေါင်း​ဆောင်မင်း​အောင်လှိုင်၏ ​နေအိမ်များသို့ တိုက်ခိုက်ခဲ့ပြီး စစ်​ကောင်စီ အထိတ်တလန့်ဖြစ်ခဲ့သည်။

ထိုအပြင် ပြီးခဲ့သည့်အပါတ်ကလည်း

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ‌ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည့် တောင်ငူလေတပ်စခန်းကို တော်လှန်ရေးအင်အားစုများဘက်မှ ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအရာရှိ နှစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိကြောင်း စစ်ဆင်ရေးလုပ်ဆောင်သည့် အဖွဲ့များက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလကလည်း တောင်ငူလေတပ်စခန်းကို တော်လှန်ရေးအင်အားစုများက ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိအပါအဝင် ဆယ်ဦးသေဆုံးကာ ရှစ်ဦးခန့်ဒဏ်ရာရရှိပြီး တိုက်လေယာဉ်နှင့် အဆောက်အဦးများလည်းပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမှာရှိတဲ့ ဘုရင့်နောင်တိုက်ခိုက်ရေး သင်တန်း‌ကျောင်းမှာပြုလုပ်တဲ့ စစ်တပ်ရဲ့ တပ်မတော်နေ့ အခမ်းအနားကို ၁၀၇ မမရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar -BWM အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ စစ်ကောင်စီရဲ့တောင်ငူ လေတပ်စခန်းကို နေရာသုံးနေရာကနေ ၁၀၇ မမရှော့တိုက်ဒုန်း တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar (BWM) အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

ဖွင့်ဆိုရှင်းပြ

စစ်အာဏာရှင်တွေကို တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရှော့တိုက်ဒုံးကို အသုံးများပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ၁၀၇ မမ (107mm) ရှော့တိုက်ဒုံးတွေကို အသုံးများပါတယ်။ ဒုံးကို ကားပေါ်တင်ပြီး ဒါမှမဟုတ် မြေပြင်မှာ အောက်ခံခုံလုပ်ပြီး ပစ်ခတ်လေ့ရှိကြပါတယ်။

သတင်း

ကျောင်းသား ၂၀ကျော်သေဆုံးခဲ့ရသည့် စစ်ကောင်စီ၏ အိုးတိန်တွင်းရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုကို လက်တုန့်ပြန်သည့်အနေဖြင့် ပဲခူးတိုင်း၊တောင်ငူမြို့ရှ်ိ လေတပ်စခန်းကို ရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar(BWM)အဖွဲ့တာဝန်ရှိသူက ပြောသည်။