Connect with us

Hi, what are you looking for?

သတင်း

တောင်ငူလေတပ်စခန်းကို ၁၀၇ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်

ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ စစ်ကောင်စီရဲ့တောင်ငူ လေတပ်စခန်းကို နေရာသုံးနေရာကနေ ၁၀၇ မမရှော့တိုက်ဒုန်း တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar (BWM) အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

မတ်-၁၃၊၂၀၂၆။သတိုး/People’s Spring

ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ စစ်ကောင်စီရဲ့တောင်ငူ လေတပ်စခန်းကို နေရာသုံးနေရာကနေ ၁၀၇ မမရှော့တိုက်ဒုန်း တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar (BWM) အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

“အဓိက Target အနေနဲ့ လေယာဉ်ဆီကန်တွေနဲ့ Drone ဂိုဒေါင်တွေပါပါတယ်။ သုံးနေရာခွဲပြီး တပြိုင်တည်း ၆ လုံးစီပစ်ခဲ့တာပါ။ ၁၈လုံးမှာ ၁၃ လုံးအောင်ပါတယ်” လို့ စစ်ဆင်ရေးနဲ့ပတ်သက်ပြီးပြောပါတယ်။

ဒီစစ်ဆင်ရေးကို မတ်လ ၁၂ ရက် ည ၁၁ နာရီကျော်မှာ BWM အဖွဲ့နဲ့အတူ Moutain Knight Civilian Defense Force (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF) ၊ KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ တို့ ပူးပေါင်းလုပ်‌ဆောင်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီက လက်ရှိ ကမ္ဘာ့စစ်ရေး အခြေအ‌နေတွေကြောင့် လေယာဉ်ဆီရဖို့အတွက် ခက်ခဲမှုတွေရှိနေပြီး ဒီအချိန်မှာတော်လှန်ရေး အင်အားစုတွေအနေနဲ့ စစ်ကောင်စီရဲ့ လေတပ်စခန်းတွေနဲ့ ဆီလှောင်ကန်တွေကို တိုက်ခိုက်ဖို့ BWM ကတိုက်တွန်းထားပါတယ်။

“တိုက်ခိုက်မှု အပြီး ထိခိုက်မှု ရှိကြောင်း လေတပ်တွင်းမှ သတင်းပေးပို့သည်။
တိုင်းမှူးအသစ်သူရဇော်လွင်စိုး ယနေ့(မတ်၁၃)မနက်အစောလာရောက်စစ်ဆေးပြီး လေတပ်တော်ဝင်နေချိန်မို့ သတင်းအစအန အပြင်မထွက်ဖို့ ပြင်းပြင်းထန်ထန်သတိပေးကြောင်းကြားသိထားရပါသည်။ ” လို့ BWM ကအသိပေးထားပါတယ်။

စစ်ဆင်ရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကထိခိုက်မှုတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောင်းသား ၂၀ကျော်သေဆုံးခဲ့ရသည့် စစ်ကောင်စီ၏ အိုးတိန်တွင်းရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုကို လက်တုန့်ပြန်သည့်အနေဖြင့် ပဲခူးတိုင်း၊တောင်ငူမြို့ရှ်ိ လေတပ်စခန်းကို ရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar(BWM)အဖွဲ့တာဝန်ရှိသူက ပြောသည်။

သတင်း

စစ်ကောင်စီ​၏ တောင်ပိုင်တိုင်းစစ်ဌာနချုပ် (တပခ)နှင့် တောင်ငူလေတပ်စခန်း တိုက်ခိုက်သည့် ဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်ထိခိုက်မှုများရှိကြောင်း Brave Warriors for Myanmar (BWM)က အသိပေးထားသည်။

သတင်း

တောင်ပိုင်းတော်လှန်ရေးအင်အားစုများနှင့် ပြည်သူများကို နေ့စဉ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းကို ၁၀၇ မမရှော့တိုက်ဒုန်း ခြောက်လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း Mountain Knight Civilian Defense Forces (MKCDF)မှတာဝန်ရှိသူက ပြောသည်။

သတင်း

နှစ်သစ်ကူးကာလတွင် ပြည်သူများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Mountain Knight Civilian Defense Forces (MKCDF)မှ တာဝန်ရှိသူက ပြောသည်။