Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ် ပျူစောထီးရွာအား စစ်ကောင်စီ လေကြောင်းတိုက်ခိုက် ပြည်သူတစ်ဦးသေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကျွဲတလင်းပျူစောထီးကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးကြောင်း သတင်းရရှိသည်။

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကျွဲတလင်းပျူစောထီးကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၆ရက် ည ၈နာရီခွဲခန့်က တောင်သာမြို့နယ်၊ ကျွဲတလင်းပျူစောထီးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

” ငါးလုံးပဲ။ စက္ကန့်ပိုင်းအတွင်း သုံးလုံး ပြီးတော့ ၅မိနစ်လေက် ၂လုံး။ ဆက်တိုက်ပဲ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း လူထုလှုပ်ရှားမှု့ကော်မတီ-တောင်သာက အသိပေးသည်။

“တစ်ယောက်က ပေါင်ထိသွားတယ် ပြောတယ်။ အဲဒီကျွဲတလင်းက ဒီလထဲတော်လှန်ရေးအဖွဲ့တွေက တခါသွားတိုက်ပြီး စခန်းသိမ်းဖူးတယ်။”ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

သေဆုံးသူများ၏ အသေးစိတ်အချက်အလက်များအား စုံစမ်းနေဆဲဖြစ်ပြီး လက်တလောမသိရသေးပေ။

ထိုလေကြောင်းပစ်ခက်မှုကြောင့် ကျွဲတလင်းရွာ ဘုန်းကြီးကျောင်းနှင့် စေတီပုထိုးများ၊ စာသင်ကျောင်းနှင့် နေအိမ်အဆောက်အအုံများ ပါထိခိုက်ပျက်စီးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

သြဂုတ် ၁၄ ရက်ကလည်း တောင်သာမြို့မြောက် ဘက် ဆည်ကုန်း(မြောက်ရွာ)အား စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ မိသားစုဝင်၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့သည်။

မြင်းခြံခရိုင်၊တောင်သာမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်နေ၍ ပြည်သူများ ဗုံးခိုကျင်းများတူးထားကြရန် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။

သြဂုတ်၁ဝရက် နံနက်ပိုင်းက စတင်ခဲ့သည့် မြင်းခြံခရိုင်အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO)​တွင် တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ခြောက်ဦး သေဆုံးခဲ့သည်။

သြဂုတ်၁၂ရက်က တောင်သာမြို့နယ်ရှိ စစ်ကောင်စီစခန်း နေရာလေးခုအား ထပ်မံတိုက်ခိုက် မှုတွင်ဓာတ်ငွေ့ပိုက်လိုင်းစခန်းနှင့်စွပ်ကျယ်စက်ရုံစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားခဲ့သည်။ ထို့နောက် သြဂုတ်လလယ်အတွင်း နန်းမြင့်တောင်ဂိတ်၊ နတ်စောင့်ရွာဂိတ်များကိုပါ PDFများက ဆက်လက်သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook