Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၂၈)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၂၈)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာ အောင်လံလွှင့်မည်ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းက အာဏာသိမ်းစစ်တပ်နဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်​ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်စစ်ကြောင်းက ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်စစ်ကြောင်းနဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)ကနေ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်) သုံးနှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ “နီရဲတဲ့နှင်းဆီ ငါတို့အားလုံး နီရဲတဲ့နှင်းဆီ” ခေါင်းစဥ်ဖြင့် ယင်းလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဓာတ်ပုံ – အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ DDMSC

ဆက်စပ်သတင်းများ

သတင်း

မန္တလေး ၊စစ်ကိုင်းတိုင်း နှင့် ရှမ်းပြည်နယ်အပါအဝင် ဒေသအများအပြား၌ယနေ့(ဧပြီလ၂၇ရက်)ညနေပိုင်းတွင် မိုးသက်လေပြင်းကျခဲ့ပြီးမြို့နယ်အချို့တွင် မိုးသီးများကြွေကျခဲ့သည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၂၆)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ် ၊​မြောက်ခြမ်းကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) ၏ စစ်ကြောင်းတစ်ခုလုံး ပြုတ်သည်အထိတိုက်ခိုက်ခံရပြန်ပြီး ၂၀ ထက်မနည်းသေဆုံးကာလက်နက် ၂၀ကျော်ရရှိကြောင်း စစ်​ရေးသတင်းရင်းမြစ်များက ပြောသည်။