Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာ ပြည်သူတစ်ဦးသေဆုံး၊ ၁၀ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၀ရက်အတွင်း နေရာ လေးနေရာထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၀ရက်အတွင်း နေရာ လေးနေရာထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ်၂၉ရက် ညပိုင်းက ခင်ဦးမြို့နယ်၊ စည်ပုတ္တရာနှင့် သေနပ်စိန်ကျေးရွာများအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြိုနယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ သြဂုတ် ၁၉ ရက်ကလည်း ဗအိုးကျေးရွာကို လေကြောင်းပစ်ခတ်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သြဂုတ် ၂၆ ရက်ကလည်း မုံလှကျေးရွာအား လေကြောင်းပစ်ခတ်မှုကြောင့် ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါအဖွဲ့က ပြောသည်။

သြဂုတ် ၁၇ ရက်မှ ၁၉ရက်အထိ မဒေါင်းလှပျူစောထီးကျေးရွာအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက သုံးရက်ဆက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူခဲ့၍ စခန်းမသိမ်းနိုင်ခဲ့ကြောင်း၊ ထို့နောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ဘဲ စစ်တပ်က လူနေကျေးရွာများအား အကြောင်းမဲ့ပစ်ခတ်နေခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။

“မဒေါင်းလှကို ရွာထဲအထိဝင်နိုင်တယ်။ ဘန်ကာ ၂ခု ကျန်တာ။ ကျန်တဲ့နေရာမှာ စက်လက်နဲ့ရမ်းတာ။ အပေါ်ကနေလည်း Mi35နဲ့ ဂျက်ဖိုက်တာ ၂စီးလာပြီး ပစ်ကူပေးသွားတယ်။ အဲဒါနဲ့တော်လှန်ရေးအဖွဲ့တွေ ပြန်ဆုတ်သွားတယ်။အဲဒီနောက်မှာ တိုက်ပွဲမဖြစ်တော့ဘဲ လူနေကျေးရွာကို လေကြောင်းကနေ ဆက်တိုက်ခိုက်နေတာပါ။”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အခြေခံပညာကျောင်းများ ယာယီပိိတ်ထားရကြောင်း သတင်းရရှိသည်။

၂၀၂၄ ဇန်နဝါရီမှ ဇူလိုင်အထိ ၇ လတာကာလအတွင်း စစ်ကိုင်းတိုင်း၌ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၁၀၆ဦးနှင့် ဒဏ်ရာရရှိသူ ၁၉၀ ဦး ရှိခဲ့ကြောင်း Data for Myanmar ၏ ထုတ်ပြန်ချက်အရသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာ ၁၈ ရွာဟာ ရေဘေးကြုံတွေ့နေရပြီး ဒေသခံတွေ အကူအညီလိုအပ်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မူးမြစ်ရေကြီးမှုကြောင့် ကျေးရွာ ၁၄ ရွာထက်မနည်း နေရာရွှေ့ပြောင်းနေရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။