Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာ ပြည်သူတစ်ဦးသေဆုံး၊ ၁၀ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၀ရက်အတွင်း နေရာ လေးနေရာထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၀ရက်အတွင်း နေရာ လေးနေရာထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ်၂၉ရက် ညပိုင်းက ခင်ဦးမြို့နယ်၊ စည်ပုတ္တရာနှင့် သေနပ်စိန်ကျေးရွာများအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြိုနယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ သြဂုတ် ၁၉ ရက်ကလည်း ဗအိုးကျေးရွာကို လေကြောင်းပစ်ခတ်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သြဂုတ် ၂၆ ရက်ကလည်း မုံလှကျေးရွာအား လေကြောင်းပစ်ခတ်မှုကြောင့် ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါအဖွဲ့က ပြောသည်။

သြဂုတ် ၁၇ ရက်မှ ၁၉ရက်အထိ မဒေါင်းလှပျူစောထီးကျေးရွာအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက သုံးရက်ဆက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူခဲ့၍ စခန်းမသိမ်းနိုင်ခဲ့ကြောင်း၊ ထို့နောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ဘဲ စစ်တပ်က လူနေကျေးရွာများအား အကြောင်းမဲ့ပစ်ခတ်နေခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။

“မဒေါင်းလှကို ရွာထဲအထိဝင်နိုင်တယ်။ ဘန်ကာ ၂ခု ကျန်တာ။ ကျန်တဲ့နေရာမှာ စက်လက်နဲ့ရမ်းတာ။ အပေါ်ကနေလည်း Mi35နဲ့ ဂျက်ဖိုက်တာ ၂စီးလာပြီး ပစ်ကူပေးသွားတယ်။ အဲဒါနဲ့တော်လှန်ရေးအဖွဲ့တွေ ပြန်ဆုတ်သွားတယ်။အဲဒီနောက်မှာ တိုက်ပွဲမဖြစ်တော့ဘဲ လူနေကျေးရွာကို လေကြောင်းကနေ ဆက်တိုက်ခိုက်နေတာပါ။”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အခြေခံပညာကျောင်းများ ယာယီပိိတ်ထားရကြောင်း သတင်းရရှိသည်။

၂၀၂၄ ဇန်နဝါရီမှ ဇူလိုင်အထိ ၇ လတာကာလအတွင်း စစ်ကိုင်းတိုင်း၌ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၁၀၆ဦးနှင့် ဒဏ်ရာရရှိသူ ၁၉၀ ဦး ရှိခဲ့ကြောင်း Data for Myanmar ၏ ထုတ်ပြန်ချက်အရသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ နတ်ရေကန်ဗျူဟာစခန်းမှ ထွက်ပြေးလာသော တပ်သားသစ်နှစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA) က ထုတ်ပြန်သည်။

သတင်း

တီမောလက်စတီ(အရှေ့တီမော)အနေနဲ့ (၁၁)နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်နဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီရဲ့ ကန့်ကွက်မှုဟာ ‘အဓိပ္ပာယ်မရှိ၊ ကျိုးကြောင်းညီညွတ်မှုမရှိ’ကြောင်း တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ပြောကြားလိုက်ပါတယ်။

သတင်း

မိုးဗြဲမြို့ရှိ လူနေအိမ် များကို စစ်ကောင်စီတပ်စစ်ကြောင်းကနေ့စဥ်မီးရှို့ဖျက်ဆီးနေပြီး မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့အနီးတနေရာတွင် ယနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။