Connect with us

Hi, what are you looking for?

သတင်း

မင်းလှတွင် စစ်ကောင်စီတပ် ပေါ်တာဆွဲခံရသည့် လူငယ်နှစ်ဦးအား ကျပ်သိန်း ၁၃၀ဖြင့် ပြန်ရွေးယူရ

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်ကောင်စီတပ် ပေါ်တာဆွဲခံရသည့် လူငယ်နှစ်ဦးအား ကျပ်သိန်း ၁၃၀ဖြင့် ပြန်လည်ရွေးခဲ့ရပြီး အချို့ဒေသတွင် စစ်မှုထမ်းရန် တိမ်ရှောင်သူများအား မိသားစုဝင်များ အစားထိုးခေါ်ယူနေကြောင်း ဖြစ်စဥ်နှင့်ဆက်စပ်သူများက ပြောသည်။

ရန်ကုန်မြို့၊ ဗဟိုဘဏ်ရှေ့ ဆန္ဒပြသူများအနီး တွေ့ရသော တပ်မ(၇၇)မှ စစ်သားများကို ၂၀၂၁ ဖေဖော်ဝါရီ ၁၅ က တွေ့ရစဉ်။ ဓာတ်ပုံ-EPA

ရဲခေါင်/People’s Spring

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်ကောင်စီတပ် ပေါ်တာဆွဲခံရသည့် လူငယ်နှစ်ဦးအား ကျပ်သိန်း ၁၃၀ဖြင့် ပြန်လည်ရွေးခဲ့ရပြီး အချို့ဒေသတွင် စစ်မှုထမ်းရန် တိမ်ရှောင်သူများအား မိသားစုဝင်များ အစားထိုးခေါ်ယူနေကြောင်း ဖြစ်စဥ်နှင့်ဆက်စပ်သူများက ပြောသည်။

ဩဂုတ် ၂၉ ရက် ညပိုင်းတွင် မင်းလှမြို့နယ် ရွှေဇံပြည့်ကျေးရွာနေ ညီအကိုနှစ်ဦးလမ်းလျှောက်ပြန်လာစဥ် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း၊ ထို့နောက် ညီဖြစ်သူကို ကျပ်သိန်း ၆၀ ဖြင့် ကနဦးရွေးနိုင်ခဲ့ပြီး နောက်တစ်ရက်တွင် အကိုဖြစ်သူကို သိန်း ၇၀ ဖြင့် ခေါ်ယူခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“သိသိချင်းပြန်ရွေးချယ်ဖို့အတွက် ညီဖြစ်သူရဲ့အဖေ ကျောင်းတိုင်ဘုန်းကြီးမှာ သိန်း၆၀အကုန်ခံပြန်ရွေးခဲ့ရတယ်။နောက်တစ်ဦးမှာ တစ်ရက်နောက်ကျသွားလို့ သိန်း၇၀ဖြင့်ရွေးခဲ့ရတယ်”ဟု ဖမ်းဆီးခံရသူများနှင့် ဆွေမျိုးတော်စပ်သူက ပြောသည်။

ထို့ကြောင့် အမျိုးသား၊အမျိုးသမီးများအနေဖြင့် အများပြည်သူသွားလာချိန်မှလွဲ၍ အပြင်မထွက်ကြရန် ၎င်းက တိုက်တွန်းသည်။

ထို့အပြင် မကွေးတိုင်း အောင်လံမြို့၊အင်ကြီးကုန်းရွာနေသူမှာ စစ်မှုထမ်းရန် မဲပေါက်ခဲ့၍ စစ်ကောင်စီက လာရောက်ခေါ်ယူရာ မတွေ့သဖြင့် ၎င်း၏ ဦးလေးဖြစ်သူအား စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု ဖြစ်စဥ်နှင့် နီးစပ်သူက ဆိုသည်။

“အရင်က မဲပေါက်တဲ့သူတွေကို ရွာဥက္ကဌပဲ လာခေါ်တာ။ အခုက စစ်သားတွေကိုယ်တိုင်သေနတ်ကိုင်ပြီး လာရှာတာ။ရှောင်တဲ့သူ ပြန်လာရင် ဦးလေးကို ပြန်လွှတ်ပေးမယ်ဆိုပြီးပဲပြောတယ်။ဖမ်းခံရတဲ့ ဦးလေးက အသက် ၄၀ ကျော်နေပြီ”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။

စစ်ရှုံးနေသည့် စစ်ကောင်စီသည် ရန်ကုန်၊မန္တလေးကဲ့သို့ မြို့ကြီးများတွင်ပါ လူငယ်များကို ပေါ်ပေါ်ထင်ထင် ဖမ်းဆီးနေသည့်အပြင် အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အထိ အမျိုးသားတိုင်း ရပ်ကွက်နှင့်ကျေးရွာများ၌ ပြည်သူ့လုံခြုံရေးအဖွဲ့များတွင် မဖြစ်မနေ ပါဝင်ရမည်ဟု အတင်းအကြပ် စေခိုင်းနေသည်။

ဆက်စပ်သတင်းများ

သရော်စာ

ဒီအမှုကို ကျုပ် မပေါ်၊ ပေါ်အောင် လိုက်မယ်။ ဒါ…ပေါ့လို့မရဘူး။ကျုပ်တို့ချစ်တဲ့ တပ်မတော်ရဲ့ဂုဏ်၊ သိက္ခာ၊ သမာဓိကို ချေးလူးထားတဲ့တုတ်နဲ့ဝိုင်းထိုးနေကြတာပဲ။ ဒီတော့ ကျုပ်ထပ်ပြောမယ်။ ဒီအမှုကို ကျုပ် မပေါ်၊ ပေါ် အောင်လိုက်မယ်။ အရိုးကြေကြေ၊ အရည်ခမ်းခမ်း ဂိတ်ဖျားကနေ ဂိတ်ဆုံးအထိ လိုက်ရမှာပဲ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။