Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းထပ်မံတိုက်ခိုက်

ပြည်သူလူထုနေအိမ်ပျက်စီး၊ မင်းတပ်(၂၇၄) တပ်ရင်းကို လေကြောင်းမှ ရိက္ခာပစ္စည်းထုပ်များ ထပ်မံ ဖြည့်တည်း

မင်းတပ်မြို့နယ်တွင်စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - HKL Mindat

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့နယ်ကို စစ်ကောင်စီက ယနေ့ (ဩဂုတ် ၃၁ရက်) မနက်အစောတွင် လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့၍ ပြည်သူလူထုနေအိမ်ပျက်စီးမှု ရှိခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးသည်။

ယနေ့ နံနက် အစော ၃နာရီခန့်တွင် တိုက်လေယာဉ်တစ်စီးက မင်းတပ်မြို့နယ်ရှိ ကျေးရွာတစ်ခုကို ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးများဖြင့် ၂ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တိုက်ခိုက်ခံရမှု မှတ်တမ်းဓာတ်ပုံများနှင့်အတူ မင်းတပ်ဒေသခံက လူမှုကွန်ရက်၌ ဖော်ပြသည်။

“ယခုရက်ပိုင်း စခများမှ ပြည်သူများအိပ်မောချချိန်တွင်လေကြောင်းတိုက်ခိုက်လေ့ ရှိနေသောကြောင့် အမျိုးများအနေဖြင့် အထူးဂရုစိုက်ပေးကြပါဗျ”ဟု မင်းတပ်ဒေသခံက သတိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်ကောင်စီတပ်သည် ယနေ့ နံနက် ၉နာရီခန့်မှစ၍ မင်းတပ် အခြေစိုက် ခလရ(၂၇၄) တပ်ရင်း အတွင်းသို့ Y12ကုန်တင်လေယာဉ်မှ လေထီးဖြင့် ရိက္ခာထုပ်များချပေးခဲ့ဟု ဒေသခံက အသိပေးသည်။

“ယခင် လေထီးဖြင့်ရိက္ခာလာချပေးရာတွင် အရက်များ၊ ဘီယာများ၊ ဆေးလိပ်၊ ဆီဆား များအပြင်ဒရုန်းဗုံးသီးကျည်အချို့လည်းပါဝင်ကြောင်းကြားသိရပါတယ်” ဟု ဒေသခံက ဆိုသည်။

စစ်ကောင်စီတပ်သည် ဩဂုတ် ၂၈ရက်ကလည်း ခလရ(၂၇၄) တပ်ရင်းအနီးတွင် လေထီးဖြင့် ခဲယမ်း၊ ရိက္ခာများ ချပေးခဲ့သည်ဟု ဆိုသည်။

မင်းတပ်မြို့နယ်တွင်စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ – HKL Mindat

ဩဂုတ် ၃၀ရက်ကလည်း မင်းတပ်မြို့အနီး တစ်နေရာကို ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးများဖြင့် ၂ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ဒေသခံက အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လအတွင်း မင်းတပ်မြို့နယ်သို့ လေကြောင်း တိုက်ခိုက်မှု၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများခပ်စိပ်စိပ် ပြုလုပ်လျက်ရှိသည်။ ထိုသို့ လေကြောင်းတိုက်ခိုက်မှုများကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်က အသိပေးထုတ်ပြန်ထားသည်။

CDF မင်းတပ်သည် ချင်းညီနောင်အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ ၊ မတူပီမြို့သိမ်းတိုက်ပွဲများ၌ ပါဝင်ကာ အောင်မြင်မှုရရှိထားသည်။

ထို့ပြင် ချင်းပြည်နယ်၌ စစ်ကောင်စီတပ်များ ကင်းစင်အောင် တိုက်ခိုက်သွားမည်ဟုလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook