Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ စက်သုံးဆီ ပြတ်လပ်မှုနဲ့ထပ်ကြုံနေ

ပြည်တွင်းမှာ စက်သုံးဆီစျေးမြင့်တက်နေဆဲဖြစ်ပြီး ဆီဆိုင်အချို့မှာလည်း စက်သုံးဆီပြတ်လပ်မှုတွေ ရှိနေဆဲလို့သိရပါတယ်။

စက်သုံးဆီဝယ်ယူရန်တန်းစီ​နေကြ​သောကားများကို သြဂုတ်လ ဒုတိယပါတ်က​တွေ့ရစဥ်။ ဓါတ်ပုံ- People's Spring

People’s Spring

ပြည်တွင်းမှာ စက်သုံးဆီစျေးမြင့်တက်နေဆဲဖြစ်ပြီး ဆီဆိုင်အချို့မှာလည်း စက်သုံးဆီပြတ်လပ်မှုတွေ ရှိနေဆဲလို့သိရပါတယ်။

စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဆီဆိုင်တွေမှာ ကားတွေ တန်းစီနေကြဆဲလည်းဖြစ်ပါတယ်။ ဆီတန်းစီတဲ့ ကားတန်းရှည်ကြီးတွေကို သြဂုတ်လကုန်ပိုင်းမှာ ပြန်လည်မြင်တွေ့နေရတယ်လို့ ရန်ကုန်မြို့ခံဆီကသိရပါတယ်။

Public Service Announcement

Public Service Announcement

တဖက်မှာလည်းစက်သုံးဆီစျေးဟာအကျဘက်မရှိဘဲ အမြင့်စျေးမှာပဲ ရှိနေတာပါ။ ပြီးခဲ့တဲ့ဇူလိုင်လ နဲ့ နှိုင်းယှဉ်ရင် သြဂုတ်လမှာ စက်သုံးဆီစျေးဟာ ဆီအမျိုးအစားအလိုက် ကျပ် ၃၀၀ ကနေ ကျပ် ၅၀၀ အထိ မြင့်တက်ခဲ့ပါတယ်။

စက်သုံးဆီစျေးတက်နေမယ့် ဆီဆိုင်တွေမှာ လိုချင်တဲ့ဆီအမျိုးအစားကိုဝယ်မရဘဲ ၉၂ ဓာတ်ဆီအမျိုးအစားကိုသာ ရောင်းချပေးတာမျိုးရှိနေတယ်လို့သိရပါတယ်။

လူသုံးများတဲ့ ၉၅ ဓာတ်ဆီအမျိုးအစား ဝယ်မရဖြစ်နေတယ်လို့လည်း ရန်ကုန်မြို့က တက္ကစီ ယာဉ်မောင်း တစ်ဦီးထံကသိရပါတယ်။

သြဂုတ်လအတွင်း ပြည်တွင်းမှာ စက်သုံးဆီစျေး ၃ ကြိမ် မြင့်တက်ခဲ့သလို စက်သုံးဆီပြတ်လပ်လို့ ဆီဆိုင်ရှေ့မှာ နာရီနဲ့ချီပြီး စောင့်ဆိုင်းရတဲ့အခြေအနေကို ရန်ကုန်၊မန္တလေး အပါအဝင်မြို့ကြီးတွေမှာ ကြုံခဲ့ရပါတယ်။

မန္တလေးမှာဆိုရင် ဆိုင်ကယ်တစ်စီး ကျပ်ငါးထောင်ဖိုး ၊ ကားတစ်စီးကို ကျပ်သုံးသောင်းဖိုးအများဆုံး ထိသာအကန့်အသတ်နဲ့ ရောင်းချရတဲ့အခြေအနေထိဖြစ်ခဲ့ပါတယ်။

ဒါဟာ စက်သုံးဆီဖိုး ချေဖို့အတွက် လုပ်ငန်းရှင်တွေကို စစ်ကောင်စီက ဒေါ်လာ မရောင်းချပေးတဲ့အတွက် အရန်ဆီကို အရင်လို လုံလုံလောက်လောက် ဝယ်မထားနိုင်တာကြောင့် လို့ ပြည်ပပို့ကုန်လုပ်ငန်းရှင်တစ်ဦးကသုံးသပ်ပါတယ်။

စစ်ကောင်စီရဲ့ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူရေးလုပ်ငန်း ကြီးကြပ်ရေးကော်မတီကတော့ ပြည်တွင်းမှာ စက်သုံးဆီ လက်ကျန်အခြေအနေကို ဖူလုံအောင် စီမံထားပြီး စျေးနှုန်းလည်းကျလာပြီလို့ ဆိုထားပါတယ်။

ဒါပေမယ့် စက်သုံးဆီစျေးနှုန်း သိသိသာသာကျဆင်းသွားတာမတွေ့ရပါဘူး။ ဒီနေ့မှာဆိုရင် ရန်ကုန်မှာ စက်သုံးဆီစျေးဟာ ၉၂ တစ်လီတာကို ၃,၁၀၀ကျပ် ၊ ၉၅ တစ်လီတာကို ၃,၂၄၀ ကျပ် ၊ ဒီဇယ်တစ်လီတာ ကို ၂,၆၅၅ကျပ်၊ ပရီမီယံတစ်လီတာကို ၃,၂၉၅ ကျပ် စျေးရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။