Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်မြို့ ခလရ(၅၈)တပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်

ဝိုင်းမော်မြို့ရှိ စစ်ကောင်စီ​၏ ခြေလျင်တပ်ရင်းခလရ(၅၈)ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းတပ်က ရှော့တိုက်ဒုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ဓာတ်ပုံ - KIA

ယောနသံ/People’s Spring

ဝိုင်းမော်မြို့ရှိ စစ်ကောင်စီ​၏ ခြေလျင်တပ်ရင်းခလရ(၅၈)ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းတပ်က ရှော့တိုက်ဒုံးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဝိုင်းမော် -ဆဒုံး-ကန်ပိုင်တည် လမ်းပိုင်းရှိ ဝိုင်းမော်မြို့အနီးရှိသော ခလရ(၅၈)တပ်ရင်းသည် ဩဂုတ် ၃၀ရက်မွန်းတွင် တိုက်ခိုက်ခံရခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ရှော့တိုက်ဒုံးနှစ်လုံး ဆက်တိုက်ကျတာ။ တပ်ရင်းတန်းလျားကို ထိတယ်။ ဘာတွေ ထိခိုက်လဲတော့ မသိရဘူး။အပစ်ခံရပြီး မိနစ်ပိုင်းမှာပဲ လေကြောင်းကနေ လာပစ်တယ်”ဟု KIAနှင့် နီးစပ်သည့် ယင်းဒေသခံက ပြောသည်။

စစ်ကောင်စီက ခလရ (၅၈)နှင့် သုံးမိုင်ခန့်အကွာရှိ တောင်‌ကြောတနေရာကို ဂျက်ဖိုက်တာဖြင့် တစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခြင်းဟု ဆိုသည်။

စစ်ကောင်စီ​၏ ထိခိုက်မှုကို အသေးစိတ်မသိရသေးပေ။ ခလရ (၅၈)တပ်ရင်းတွင် ဗျူဟာမှူး ဗိုလ်မှူးကြီးတစ်ဦး လာရောက်ကွပ်ကဲနေပြီး တပ်ရင်းရှေ့လမ်းမပေါ် ဝိုင်းမော် -ဆဒုံးလမ်းပိုင်း၌ ခရီးသွားကားများ၊ ကုန်တင်ကားများကို စစ်ဆေးရာတွင် ယင်းဗျူဟာမှူးကိုယ်တိုင် ပါဝင်သည်ဟု ဒေသခံများက ပြောသည်။

” စစ်တာလည်း သူပါတယ်။ ကားတွေကနေ တောင်းတဲ့‌ငွေလည်း သိမ်းတယ်။ ဘယ်အချက် Gun စာမိမလဲမသိဘူး”ဟု ခလရ(၅၈)တပ်ရင်း အနီးနေသူတစ်ဦးက ပြောသည်။

ခလရ(၅၈)တပ်မှ တပ်ရင်းမှူးတစ်ဦးသည် KIAနှင့် ပူးပေါင်းတပ်များ ပြီးခဲ့သည့်ဩဂုတ် ၂ရက်က မြစ်ကြီးနားမြို့နယ် တီယန်ဇွပ်ကျေးရွာ စစ်ကောင်စီစခန်းနှင့် ရှေ့တန်းစခန်းငယ်များကို တိုက်ခိုက်သိမ်းယူခဲ့သည့် တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းမြစ်များကပြောသည်။

ဝိုင်းမော်မြို့တွင် ခလရ(၅၈)အပြင် ခမရ(၃၂၁) လည်း ရှိသည်။

ခမရ(၃၂၁)တပ်ရင်းကို ပြီးခဲ့သည့်မေလ ၂၁ရက် တွင် KIAနှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တပ်ရင်းထဲမှ အဆောက်အအုံများအား ဇူလိုင်အတွင်းက ဖျက်ဆီးခဲ့သည်။

ယခုအခါ စစ်ကောင်စီသည် ခလရ(၅၈)တပ်ရင်းအတွင်း ခံစစ်အခိုင်အမာပြင်ဆင်ထားသလို ဝိုင်းမော်မြို့ မုတ်လွဲလမ်းဆုံ၌လည်း တပ်စွဲနေရာယူဒေသခံများက ပြောသည်။

KIAသည် ကချင်ပြည်နယ်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လ ၇ရက်မှစ၍ စစ်ရှိန်မြှင့်ပြီး စစ်ကောင်စီတပ်စခန်းများအား တပြိုင်တည်း ထိုးစစ်ဆင်သည့် စစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့သည်။ မိုးမောက်၊ မံစီ၊ ဝိုင်းမော်၊ လိုင်ဇာ၊ တနိုင်း၊ ဖားကန့်၊ ဆွမ်ပရာဘွမ်၊ ဗန်းမော်၊ ဆော့လော်၊ ချီဖွေစသည့် မြို့နယ်များမှ စစ်ကောင်စီတပ်ရင်းဌာနချုပ်များနှင့် ဗျူဟာကုန်းများအပါအဝင် စခန်းကြီးငယ် ၁၀၀ကျော်သိမ်းပိုက်ခဲ့သည်။

ဇူလိုင်တွင် ကချင်ပြည်နယ်အတွင်း ရေဘေးကြုံတွေ့ခဲ့ရာ KIAက စစ်ဆင်ရေးများရပ်နားခဲ့သည်။ဩဂုတ် ၁ရက်မှစ၍ ကချင်ပြည်နယ်အတွင်း ထိုးစစ်ပြန်လည်စတင်ခဲ့ပြီး မြစ်ကြီးနား၊ ဗန်းမော်မြို့အနီးမှ စစ်ကောင်စီစခန်းများနှင့် မိုးမောက်မြို့မှ ခလရ(၄၃၇)ကို တိုက်ခိုက်ခဲ့သည်။

ခလရ(၄၃၇)ကို ဩဂုတ် ၁၉ရက်တွင် KIAက သိမ်းပိုက်ခဲ့ပြီးနောက် တိုက်ပွဲဆက်လက်ပြင်းထန်နေသည်။

KIAသည် ဩဂုတ် ၂၉ရက်ကလည်း ကချင်ပြည်နယ် ဆော့လော်မြို့နယ်ရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်များပူးပေါင်းတပ်စွဲထားသည့် စခန်းတစ်ခုကို တိုက်ခိုက် သိမ်းယူခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမှာရှိတဲ့ ဘုရင့်နောင်တိုက်ခိုက်ရေး သင်တန်း‌ကျောင်းမှာပြုလုပ်တဲ့ စစ်တပ်ရဲ့ တပ်မတော်နေ့ အခမ်းအနားကို ၁၀၇ မမရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar -BWM အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့နဲ့ မြစ်သာခြားတဲ့ဝိုင်းမော်မြို့ရဲ့ မြို့စောင့်တပ်ဖြစ်တဲ့ ခလရ(၅၈)အနီးမှာ ဒီနေ့မနက် တိုက်ပွဲပြင်းထန်နေပြီး ပေါက်ကွဲသံတွေကို မြစ်ကြီးနားမြို့ကနေပါ ကြားနေရတယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

ဖွင့်ဆိုရှင်းပြ

စစ်အာဏာရှင်တွေကို တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရှော့တိုက်ဒုံးကို အသုံးများပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ၁၀၇ မမ (107mm) ရှော့တိုက်ဒုံးတွေကို အသုံးများပါတယ်။ ဒုံးကို ကားပေါ်တင်ပြီး ဒါမှမဟုတ် မြေပြင်မှာ အောက်ခံခုံလုပ်ပြီး ပစ်ခတ်လေ့ရှိကြပါတယ်။

သတင်း

စစ်ကောင်စီ​၏ တောင်ပိုင်တိုင်းစစ်ဌာနချုပ် (တပခ)နှင့် တောင်ငူလေတပ်စခန်း တိုက်ခိုက်သည့် ဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်ထိခိုက်မှုများရှိကြောင်း Brave Warriors for Myanmar (BWM)က အသိပေးထားသည်။