Connect with us

Hi, what are you looking for?

သတင်း

တပ်ပြောင်းရွှေ့လာသော ရေစကြို ခမရ(၂၅၈) တပ်မှ ဗိုလ်ကြီးဇော်လင်း၏ အိမ်ထောင်ပရိဘောဂပစ္စည်းများပါယာဥ်အား PDF ဖမ်းဆီး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ခမရ (၂၅၈) တပ်ရင်းမှ တပ်ပြောင်းရွှေ့လာ​သော ဗိုလ်ကြီးဇော်လင်း၏ အိမ်ထောင်ပရိဘောဂပစ္စည်းများတင်ဆောင်လာသော ယာဥ်တစ်စီးအား PDF ရဲဘော်များက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးရမိသော ဗိုလ်ကြီးဇော်လင်း၏ အိမ်ထောင်ပရိဘောဂပစ္စည်းများတင်လာသည့်ကားအား တွေ့ရစဥ်။ ဓာတ်ပုံ-Southern YSO PDF

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ခမရ (၂၅၈) တပ်ရင်းမှ တပ်ပြောင်းရွှေ့လာ​သော ဗိုလ်ကြီးဇော်လင်း၏ အိမ်ထောင်ပရိဘောဂပစ္စည်းများတင်ဆောင်လာသော ယာဥ်တစ်စီးအား PDF ရဲဘော်များက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

ယမန်နေ့(စက်တင်ဘာ ၁ရက်) နံနက် ၇နာရီခန့်က ရေစကြိုမြို့၊ အမှတ်(၂၅၈)ခြေလျင်တပ်ရင်းမှ တပ်ပြောင်းတပ်ချိန်း ပြုလုပ်လာသည့် ပစ္စည်းများသယ်ဆောင်လာသော ကန်ဒါကားတစ်စီးကို ရေစကြို-ပခုက္ကူ လမ်းပိုင်း တစ်နေရာတွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း Southern YSO PDF အဖွဲ့တာဝန်ခံ ဗိုလ်မောင်းက ပြောသည်။

ဖမ်းဆီးရမိသော ဗိုလ်ကြီးဇော်လင်း၏ အိမ်ထောင်ပရိဘောဂပစ္စည်းများတင်လာသည့်ကားအား တွေ့ရစဥ်။ ဓာတ်ပုံ-Southern YSO PDF

ကားပေါ်ပါပစ္စ​ည်းများသည် ခလရ(၂၅၈) တပ်မှ ဗိုလ်ကြီးဇော်လင်း၏ အိမ်ထောင်ပရိဘောဂ ပစ္စည်းများ​​ဖြစ်ကြောင်း၊ ထို့အပြင် ကားပေါ်ပါ ယာဥ်မောင်းတစ်ဦးနှင့် ရှမ်းမြောက်၌ သေဆုံးခဲ့သော စစ်သား၏ မိသားစုဝင် သားအမိ နှစ်ဦးကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် ၎င်းတို့အား စစ်ဆေးပြီး အပြစ်မရှိပါက ပြန်လွှတ်ပေးရန်စီစဥ်နေကြောင်း Southern YSO PDF အဖွဲ့တာဝန်ခံ ဗိုလ်မောင်းက ပြောသည်။

သိမ်းဆည်းရမိသော ပစ္စည်းများတွင်အိမ်ထောင်ပရိဘောဂပစ္စည်းများ၊ ဗိုလ်ကြီးဇော်လင်း၏ စစ်သင်တန်းဆင်း လက်မှတ်များ၊ အင်းဝဘဏ်စာအုပ်များ၊ တပ်တွင်းအပေါင်ခံ လစာထုတ်ကတ်များ ဗိုလ်ကြီးဇော်လင်း၏ မင်္ဂလာဆောင်မှတ်တမ်း ဓာတ်ပုံများ ပါရှိကြောင်း သိရသည်။

သြဂုတ် ၁၀ ရက်ကလည်း ပခုက္ကူမြို့မှ ရေစကြိုသို့ ထွက်ခွာလာသော စစ်ကောင်စီယာဥ်များ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးကာ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲဘော်အထိအခိုက်မရှိခဲ့ပေမယ့် စခန်းပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ မကွေးတိုင်း၊ရေစကြိုမြို့နယ် အခြေစိုက် Yesagyo Revolution Group (YRG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။