Connect with us

Hi, what are you looking for?

သတင်း

ကျောက်ပန်းတောင်းတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ မိသားစုဝင် ၄ဦး သေဆုံး

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြင်းခြံကုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ မိသားစုဝင် ၄ဦး သေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ၂ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

ကျောက်ပန်းတောင်းမြို့နယ်၊ မြင်းခြံကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-မြင်းခြံ News

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြင်းခြံကုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ မိသားစုဝင် ၄ဦး သေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ၂ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၁ ရက် ညနေ ၆ နာရီကျော်က ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတိုက်နယ်၊ မြင်းခြံကုန်းကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နှစ်ထပ်တိုက်တစ်လုံးပေါ်ကျ ရောက်ပေါက်ကွဲပြီး နေအိမ်ရှိ အမျိုးသမီး သုံးဦးနှင့် ကလေးတစ်ဦး စုစုပေါင်း မိသားစုဝင် ၄ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲလည်းမရှိ PDF လည်း မရှိဘူး။ သက်သက်မဲ့ကြဲတာ။ ၄ ယောက်သေ ၂ယောက်ဒဏ်ရာပြင်းထန်တယ်။ ဒဏ်ရာရ ၂ယောက် ထဲက (၁၀)နှစ်သားကလေး ခြေတဖက်၊ လက်တဖက်ပြတ်သွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

“လေယာဉ် နှစ်စင်းနဲ့လာချတာပါ။ တိုက်ပွဲမရှိဘဲ ပစ်တာ။”ဟု တောင်သာမြို့နယ်အခြေစိုက် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သြဂုတ် ၃၁ရက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းပိုင်းတွင် ကျောက်ပန်းတောင်းစခန်းမှူးနှင့်အဖွဲ့လိုက်ပါလာသော အိမ်စီးကားတစ်စီး တိုက်ခိုက်ခံရပြီး စခန်းမှူးအပါအဝင် ကားပေါ်ပါ ရဲ၃ဦးလုံး သေဆုံးကာ သေနတ် ၅ လက် သိမ်းဆည်းခံရသည်။

စခန်းမှူးနှင့်အဖွဲ့ တိုက်ခိုက်ခံရပြီးနောက် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ မြင်းခြံကုန်းရွာကို လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လေယာဥ်ဖြင့် တိုက်ခိုက်ခြင်းမပြုမီ စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက စစ်ကောင်စီထောက်ခံသည့် မှိုင်းဝေ တယ်လီဂရန်ချန်နယ်တွင် ပုပ္ပါးနယ်တကြော နယ်မြေရှင်းလင်းသင့်ပြီဟု လှုံ့ဆော်ရေးသားခဲ့သည်။

စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့် ပု ပ္ပါးနယ်ရှိ ကျေးရွာများမှ ပြည်သူများ အထူးဂရုစိုက်နေထိုင်ကြရန် ကျောက်ပန်းတောင်းလူငယ်အသံက သတိပေးထားသည်။

မန္တလေးတိုင်းအတွင်း နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ၊ သပိတ်ကျင်းနှင့် စဥ့်ကူးမြို့နယ်များ၌ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူထိခိုက်သေဆုံးမှုများရှိနေသည်။

သြဂုတ် ၁၀ ရက်က စတင်ခဲ့သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေးတွင် ကျောက်ပန်းတောင်းနှင့်ကပ်နေသည့် တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းတိုက်ခိုက်မှုအတွင်း စစ်အုပ်စုဝင် ၆ဦး သေဆုံးခဲ့သည်။

သြဂုတ်၁၂ရက်ကလည်း တောင်သာမြို့နယ်ရှိ စစ်ကောင်စီစခန်း ၄ နေရာအား ထပ်မံတိုက်ခိုက်မှုတွင်ဓာတ်ငွေ့ပိုက်လိုင်းစခန်းနှင့်စွပ်ကျယ်စက်ရုံစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားခဲ့သည်။ ထို့နောက် သြဂုတ်လလယ်အတွင်း၌ နန်းမြင့်တောင်ဂိတ်၊ နတ်စောင့်ရွာဂိတ်များကိုပါ PDFများက ဆက်လက်သိမ်းပိုက်ထားသည်။ တောင်သာ၏ စစ်ရေးအရှိန်ကြောင့် ကျောက်ပန်းတောင်းမြို့နယ်တွင်ပါ စစ်တပ်က လုံခြုံရေးတင်းကြပ်ပြီး အခြေခံပညာကျောင်းများပါ ပိတ်ထားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဒေသခံပြည်သူတွေ စစ်ရှောင်နေရတဲ့ကျေးရွာတွေကို စစ်တပ်က ပါရာမိုတာ၊ ဂျွိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်လို့ နေအိမ်တွေနဲ့ စက်သုံးဆီဆိုင်တွေ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ် အပါအဝင် ယူကရိန်းရဲ့ မြို့ကြီးတချို့ကို ရုရှားက အကြီးစား လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။