Connect with us

Hi, what are you looking for?

သတင်း

မင်းလှတွင် က​လေးမိခင်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သားများ အုပ်စုဖွဲ့အဓမ္မ ပြုကျင့်

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ကလေးတစ်ယောက်၏မိခင် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သားများက အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောကြားသည်။

မင်းလှအခြေစိုက် ခလရ(၁) ဆိုင်းဘုတ်ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ကလေးတစ်ယောက်၏မိခင် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သားများက အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောကြားသည်။

သြဂုတ်လ ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က မင်းလှမြို့နယ်၊ ပဲခူးရိုးမအစပ်၊ စစ်ပြန်ကွင်းကျေးရွာအရှေ့ဘက်ရှိ ကိုးထစ်(ဂဝံ) ကျောက်တောင် ဘုန်းကြီးကျောင်းကပ္ပိယ ၏သမီးဖြစ်သူ ကျောင်း၌တစ်ဦးတည်းကျန်နေရစ် စဥ် စစ်ကောင်စီတပ်သားသုံးဦး ရောက်ရှိလာသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အသက် ၃၀ နှစ်ခန့်အရွယ် က​လေးမိခင်မှာ စစ်ကောင်စီတပ်သားများ ကျောင်းနောက်ဘက်မှဝင်ရောက်လာသည်ကို​တွေ့ ၍ ရေနွေးကြိုနေရာမှ ပြေးရန်ကြိုးစားခဲ့ရာ ထိုစစ်သားသုံးဦးက သေနတ်ဖြင့်ချိန်ပြီး လိုက်လံဖမ်းဆီးကာ ရိုက်နှက်နှိပ်စက်သလို အုပ်စုဖွဲ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်​ကြောင်း ဒေ သခံများက ပြောသည်။

“အခင်းဖြစ်တဲ့နေ့တုန်းက ကောင်မလေးရဲ့အဖေ(ကပ္ပိယ)နဲ့ ဘုန်းကြီးက ကျောင်းမှာမရှိဘူး။ တခြားနေရာကို သွားနေတာ။ ကောင်မ လေးတစ်ယောက်ထဲ ကျောင်းဝေ ယျာဝစ္စတွေလုပ်ရင်း ရေနွေးအိုးကြိုကျန်ခဲ့တာပေါ့။ အဲချိန်မှာ ဟိုကောင်သုံးကောင် ကျောင်းနောက်ဘက်ကနေဝင်လာပြီး ကောင်မလေးကိုဖမ်း၊ သေနတ်ဒင်ထဲထု ရိုက်နှက်တာတွေလုပ်တဲ့အပြင် ဝိုင်းပြီး မုဒိန်းကျင့်သွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားသုံးဦး၏ အဓမ္မပြုကျင့်မှုခံလိုက်ရသော အမျိုးသမီးအား မိသားစုဝင်တစ်ဦးမှတွေ့ရှိချိန်တွင် သတိလစ်မေ့​မျောနေပြီး အမျိုးသမီးအင်္ဂါတွင်လည်း သွေးများထွက်နေသည်ကို တွေ့ရ၍ သတိရပြန်ချိန် မေးမြန်းကြည့်ရာမှ အဓမ္မပြုကျင့်ခံရသည်ကို သိရကြောင်း အထက်ပါ​ဒေသခံက ဆက်ပြောသည်။

အဓမ္မပြုကျင့်ခံရသူ၏ အမည်ကို​ မိသားစုဝင်များနှင့် ၎င်း၏ လုံခြုံ​ရေးအရ ​မ​ဖော်ပြခြင်းဖြစ်ပါသည်။

ထို့အပြင် နှိပ်စက်ခံရမှုကြောင့် အမျိုးသမီး၏ မျက်နှာနှင့် ခန္ဓာကိုယ်အစိပ်အပိုင်းအချို့တွင် ဒဏ်ရာများရရှိထားရာ ဆေးရုံသို့ပို့၍ ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

အခင်းဖြစ်ပွားခဲ့သည့် စစ်ပြန်ကွင်းကျေးရွာနှင့်အနီးဆုံးဖြစ်သော စစ်ကောင်စီတပ်သားများဂိတ်စခန်းချထားသည့်ကျေးရွာမှာ ရှမ်းစုကျေးရွာသည်။ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုကျူး လွန်ခဲ့သော စစ်ကောင်စီတပ်သားသုံးဦးမှာ ယင်းဂိတ်စခန်းမှဖြစ်နိုင်သလို ကျေးရွာများသို့ ပေါ်တာဆွဲရန်နှင့် တပ်သားသစ်စုစောင်းရန်ရောက်ရှိနေသော မင်းလှအခြေစိုက် ခလရ(၁)မှ တပ်သားများလည်းဖြစ်နိုင်ကြောင်း ဒေသခံများက ​ပြောသည်။

ရိုက်နှက်နှိပ်စက်ကာအဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးသည် ကလေးတစ်ယောက်မိခင်ဖြစ်ပြီး ၎င်း၏ခင်ပွန်းမှာ လူသတ်မှုဖြင့် ထောင်ကျနေကြောင်း စုံစမ်းသိရသည်။

ထိုအပြင် စစ်​ကောင်စီတပ်သားများနှင့် ပျူ​စောထီးများက သြဂုတ်လ တတိယပါတ်တွင် ဂန့်​​​ဂေါမြို့နယ် ၊ရွှေဘိုကျေးရွာ အနီးဝန်းကျင်သို့ စစ်​ကြောင်းထိုး​စဥ် ရွာအတွင်းမှ အမျိုးသမီးများကိုအဓမ္မပြုကျင့်ရန် စစ်​ကောင်စီတပ်ဖွဲ့ဝင်ချင်း ​ပြောဆိုလှုံ့​ဆော်ခဲ့ကြသည်။ စစ်ရာဇဝတ်မှု ကျူးလွန်ရန် စစ်​ကောင်စီတပ်သားများ​ပြောဆိုလှုံ့​ဆော်​သော ရုပ်သံမှတ်တမ်းကို စစ်တပ်​ထောက်ခံ​သော တယ်လီဂရန်ချန်နယ်များက သြဂုတ်လကုန်ပိုင်းတွင် ဖြန့်​သော ရုပ်သံမှတ်တမ်းတစ်ခုတွင်ပါဝင်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

စစ်ဆိုင်ထားတဲ့နေရာတွေကနေ စစ်ကောင်စီတပ်သား ၄ဦး အလင်း၀င်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က တာ၀န်ရှိသူက ပြောပါတယ်။

နိုင်ငံတကာ

မိုနာကိုမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုရဲ့ အဓိက သံသယရှိသူ အမျိုးသမီးကို ယူကရိန်း နိုင်ငံမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။

သတင်း

ပဲခူးတိုင်း ၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းက စစ်တပ်စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။