Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းနှင့် စဥ့်ကူး ရှိ ဆင်ကောင်ရေ ၁၄၀ ခန့်ကို PLA စောင့်ရှောက်​ပေး

မန္တလေးတိုင်း၊ သပိတ်ကျင်းနှင့် စဥ့်ကူးမြို့နယ် အတွင်းရှိ ဆင်ကောင်ရေ ၁၄၀ နီးပါးရှိသော ဆင်ဝိုင်း ၂၁ဝိုင်းကို PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ၂၂၂ တပ်ရင်းမှ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားကြောင်း သတင်းရရှိသည်။

PLA က ထိန်းသိမ်းပေးထားသော ဆင်များအား တွေ့ရစဥ်။ဓာတ်ပုံ-PLA

အင်ကြင်း ၊​ရွှေပြည်စိုး /People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းနှင့် စဥ့်ကူးမြို့နယ် အတွင်းရှိ ဆင်ကောင်ရေ ၁၄၀ နီးပါးရှိသော ဆင်ဝိုင်း ၂၁ဝိုင်းကို PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ၂၂၂ တပ်ရင်းမှ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေမှုကြောင့်သစ်တောဝန်ကြီးဌာနပိုင် သစ်ထုတ်ဆင်များနှင့် ဆင်အုပ်၊ ဆင်ထိန်းများ၏ မိသားစုများ

Public Service Announcement

Public Service Announcement

သည် ဘေးကင်းရာဖြစ်သော PLA လှုပ်ရှား အုပ်ချုပ် စစ်နယ်မြေ အတွင်းရှိ တော​​တောင်များအတွင်းသို့ ဇူလိုင်လ ၁၀ ရက်နေ့ မှ စတင်ကာ ရှောင််တိမ်းလာ၍ ကာကွယ် စောင့်ရှောက် ထိန်းသိမ်းထားကြောင်း PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ​ဖော်ပြထားသည်။

PLA စစ်နယ်မြေအတွင်း မူလက ဆင်ဝိုင်း၁၀ ဝိုင်းရှိပြီး ထပ်မံ၍ ဆင်ဝိုင်း ၁၁ ဝိုင်းသည် စဥ့်ကူးမြို့နယ်မှ မိုးကုတ်နှင့် သပိတ်ကျင်း မြို့နယ်ကြားသို့ ပြောင်းရွေ့လာခြင်းဖြစ်ကြောင်း PLAက ဆိုသည်။

ယခုလက်ရှိအချိန်တွင် ဆင်ကောင်ရေ စုစုပေါင်း ၁၃၈ ကောင်ပါဝင်သော ဆင်ဝိုင်း ၂၁ ဝိုင်းကို ထိန်းသိမ်းကာကွယ်ထားကြောင်း PLAက ထပ်မံအသိပေးသည်။

“သပိတ်ကျင်းဘက်မှာ နဂိုကတည်းကရှိတယ်။ နဂိုတုန်းကရှိတာ၁၀ဝိုင်းပေါ့။ မန္တလေးတို့ဘာတို့မှာ ထိုးစစ်တွေဖြစ်တော့ အဲဒီဘက်တွေကနေ ရွှေ့လာတာ။ ဆင်ဝိုင်းတွေက ဒီဘက်လာပေါင်းတာ။ နဂိုရှိတဲ့ ၁၀ ဝိုင်းနဲ့ ဟိုဘက်ကထပ်ပြောင်းလာတာ ၁၁ ဝိုင်းနဲ့ ၂၁ ဝိုင်းပေါ့။ ဟိုဘက်မှာတိုက်ပွဲတွေဖြစ်တော့ ဆင်တွေကောလူတွေကော နေရတာခက်လို့လေ။ သူတို့လည်း ဆင်ဒုက္ခသည်တွေ ဖြစ်နေတာပေါ့။ အဲဒါကြောင့်သူတို့ကရွှေ့လာတာ။”ဟု PLA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြည်သူ့ဒီမိုကရေစီ အစိုးရ သစ် လက်ထက်တွင် ပြန်လည်၍ သက်ဆိုင်ရာဌာနများသို့ အပ်နှံသွားမည်ဖြစ်ပြီး ပြည်သူပိုင်ရတနာအဖြစ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAထံမှ သတင်းရရှိသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အလောင်းတော်ကဿပနယ်မြေရှိ ဆင်များနှင့် ဆင်ဦးစီးမိသားစုဝင်များကိုလည်း ဒေသကာကွယ်ရေးအဖွဲ့များက စောင့်ရှောက်ထားသည်။

မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်အတွင်း ရှိသပိတ်ကျင်း၊ စဉ့်ကူး၊ တကောင်း၊ မိုးကုတ်မြို့တို့ကို ​တော်လှန်​ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။ အဆိုပါမြို့နယ်များတွင် သစ်တောဌာနနှင့် သစ်တောစခန်းများရှိပြီး လက်ရှိတွင် သစ်တောကြိုးဝိုင်းနှင့် သစ်တောဝန်ထမ်းများ၏ စားဝတ်နေရေး၊ ဆင်များ အား ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ကာကွယ်ရေးအဖွဲ့များက တာဝန်ယူထား​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က အကြီးပိုင်းတာဝန်ရှိသူ အမျိုးသမီးရဲဘော်တစ်ဦးရဲ့ Facebook အကောင့်ကနေ စမ်းရေမိုးကိုပေးကဖို့ ဇာတ်မင်းသားချမ်းသာကို တောင်းဆိုထားတဲ့ မှတ်ချက်(Comment )စကရင်ရှူတစ်ခု လူမှုကွန်ရက်မှာ ​ပြန့်လာပါတယ်။ ကွန်မြူနစ်ရဲဘော်တစ်ယောက်က စစ်အာဏာရှင်လက်အောက်က စစ်တပ်အလိုကြဝါဒဖြန့်အသုံး​တော်ခံ​နေတဲ့ ဇာတ်မင်းသားကို အားပေးနေတာနဲ့ပတ်သက်ပြီး အွန်လိုင်း​ပေါ်မှာဝေဖန်ခဲ့ကြတယ်။

သတင်း

တောဆင်ရိုင်းတွေ ကျက်စား​လေ့ရှိတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တောမှော်ရွာမှာ အိမ်ဆင်လေးတစ်ကောင်ဟာ တောဆင်လိုက်လို့ နီးရာအိမ်လေးတစ်လုံးထဲ ဝင်ပုန်းနေတဲ့ ရုပ်သံမှတ်တမ်းတစ်ခု လှုမှုကွန်ရက် Tiktok မှာ ထွက်ပေါ်လာခဲ့ပါတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်း၊ အင်းတော်ကွင်းလမ်းတနေရာမှာ ကုန်တင်ကားကြီးတွေ ဗွက်ထဲနစ်နေခဲ့တယ်။ ကွင်းလမ်းဆိုတာက မန္တလေး-မြစ်ကြီးနားလမ်းက ပိတ်ထားတဲ့အတွက် ကွင်းပြီးသွားရတဲ့လမ်းကို ဆိုလိုတာပါ။ စစ်တပ်ပိတ်တာရော၊ တိုက်ပွဲတွေကြောင့် ပိတ်တာရောပေါ့။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။