Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူများ၏ ပြင်းပြသည့်ဆန္ဒကို အိမ်နီးနားချင်းနိုင်ငံများအပါအဝင် နိုင်ငံအားလုံးက လေးစားပေးရန် NUG ဝန်ကြီးချုပ်တိုက်တွန်း

မြန်မာပြည်သူများ၏ ပြင်းပြသည့် ဆန္ဒများကို အိမ်နီးနားချင်းနိုင်ငံများအပါအဝင် နိုင်ငံအားလုံးက လေးစားပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားသည်။

အီယိုရီ/People’s Spring

မြန်မာပြည်သူများ၏ ပြင်းပြသည့် ဆန္ဒများကို အိမ်နီးနားချင်းနိုင်ငံများအပါအဝင် နိုင်ငံအားလုံးက လေးစားပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားသည်။

NUG အစိုးရအဖွဲ့အစည်းအဝေးကို ယနေ့(စက်တင်ဘာ ၃ရက်)ကျင်းပခဲ့ရာ မြန်မာပြည်သူများက စစ်အာဏာရှင် စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို အမြစ်ဖြတ်တိုက်ဖျက်ပြီး ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူညီရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တွေ အပြည့်အဝအာမခံချက်ပေးနိုင်သော ခိုင်မာသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရမည်ဆိုသော ယုံကြည်ချက်နှင့်အတူ ပြည်သူတရပ်လုံးသည် အသက်များ၊ ဘဝများ စွန့်ကာ ယနေ့အချိန်အထိ နောက်မဆုတ်တမ်း တိုက်ပွဲဝင်နေကြခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီလို ပြည်သူတွေရဲ့ ပြင်းပြတဲ့ ဆန္ဒတွေကို အိမ်နီးနားချင်းနိုင်ငံ တွေအပါအဝင် နိုင်ငံအားလုံးက လေးစားပေးဖို့ အင်မတန် အရေးကြီးကြောင်း အစိုးရအဖွဲ့ အစည်းအဝေးက တစ်ဆင့် သတင်းစကားပါးလိုပါတယ်။ မြန်မာ့အရေးကို စိတ်ဝင် တစားနဲ့ ကူညီဖြေရှင်းပေးကြဖို့ ကြိုးစားနေကြတဲ့ နိုင်ငံများ အားလုံးကို ကျွန်တော်တို့အနေနဲ့ အထူး ကျေးဇူးတင်ပါတယ်။ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းကူညီဖြေရှင်းပေးကြတဲ့အခါမှာ အရေးအကြီးဆုံးက ကျွန်တော်တို့ ပြည်သူများရဲ့ဆန္ဒကို လေးစားလိုက်နာပြီး ပြည်သူလူထုကို ကိုယ်စားပြုတဲ့ တော်လှန်‌ရေး အင်အားစုတွေနဲ့ ပူးပေါင်းညှိနှိုင်းအဖြေရှာပေးဖို့တော့ လိုအပ်မှာဖြစ်ပါတယ်” ဟု မန်းဝင်းခိုင်သန်းက ပြောသည်။

ယခုသီတင်းပတ်အတွင်း နိုင်ငံတကာရေးရာကဏ္ဍနှင့် စပ်လျဥ်းပြီး အိမ်နီးချင်း တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ လက်ရှိအခြေအနေများအပေါ် သဘောထားနှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများကြား၊ ပြည်သူများကြားတွင် အတော်လေး ကျယ်ကျယ်လောင် လောင် ဆွေးနွေးပြောဆိုကြသည်ကို ကြားရကြောင်း NUG ဝန်ကြီးချုပ်က ၎င်း၏ အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောသည်။

“…အိမ်နီးချင်း နိုင်ငံများအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့လည်း ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားပေးပြီး မြန်မာ့အရေးကို ဝိုင်းဝန်း ကူညီပေးကြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့လည်း တိုက်တွန်းပြောကြားပေးစေလိုပါတယ်” ဟု ဝန်ကြီးချုပ်က တိုက်တွန်းသည်။

ပြီးခဲ့သည့် သြဂုတ် ၂၉ရက်တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီက တအာင်းတပ်မတော်(TNLA)ထံ ပေးပို့သော စာတစ်စောင် လူမှုကွန်ရက်၌ ကျယ်ပြန့်စွာထွက်ပေါ်ခဲ့ပြီး ယင်းစာ၌ ရိုင်းစိုင်းစွာ မောက်မာအမိန့်ပေးသည့် စကားလုံးများပါဝင်သည်။ ယင်းသို့ စာပေးပို့မှုအပေါ် TNLA က လက်ခံရရှိကြောင်း တုန့်ပြန်ခဲ့ပြီး ရန်ကုန်မြို့တရုတ်သံရုံးကလည်း စာပေးပို့အပေါ် ငြင်းဆန်ခြင်းမရှိဘဲ မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခလှုပ်ရှားမှုအခြေအနေကို များစွာဂရုပြုကြောင်း၊ ဆွေးနွေးရန်နှင့် အပစ်အခတ်ရပ်စဲရန် လုပ်ငန်းအမြဲလုပ်ဆောင်နေကြောင်း ထုတ်ပြန်သည်။

TNLA ထံ တရုတ်ပေးပို့သော စာနှင့်ပတ်သက်၍ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့(စက်တင်ဘာ ၃ရက်)ညနေပိုင်းအထိ မည်သို့မျှ တုန့်ပြန်ခြင်းမရှိသေးပေ။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီအနေဖြင့် TNLAထံ စာပေးပို့မှုကို ပြန်လည်ရုတ်သိမ်းရန် သြဂုတ် ၃၁ရက်တွင် ထုတ်ပြန်တိုက်တွန်းခဲ့ပြီး အချုပ်အခြာအာဏာပိုင် လူမျိုးတမျိုးဖြစ်သည့် တအာင်း အမျိုးသားတို့၏ တပ်မတော်အပေါ်နှင့် မြန်မာပြည်သူများ၏ တော်လှန်ရေးအပေါ် ရိုင်းပျစွာ ခြိမ်းခြောက်စော်ကားမှုဖြစ်၍ ပြင်းထန်စွာရှုတ်ချကြောင်း ဖော်ပြသည်။

ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်စပ်ဒေသ အာဏာပိုင်များအနေဖြင့် မြန်မာနိုင်ငံမှ လူမျိုးစုံပြည်သူများ စစ်တပ်၏ မတရားအနိုင်ကျင့်ခံနေရမှုကို စာနာနားလည်၍ ကူညီပံ့ပိုးပေးခြင်းဖြင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရန် ကြိုးစားသင့်ကြောင်းလည်း NUCC က အကြံပြုတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook